မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ဆိုသည်မှာ မီဒီယာနှင့် သတင်းအချက်အလက်တို့တွင်ပါရှိသည့် အကြောင်းအရာများအား ရယူအသုံးပြုနိုင်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်းနှင့်ဖန်တီးခြင်း၊ မျှဝေခြင်းနှင့်အသုံးပြုခြင်းတို့ပင် ဖြစ်သည်။
နည်းပညာထွန်းကားလာသော ယနေ့ခေတ် ကမ္ဘာကြီးတွင် MIL သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူတစ်ဦးချင်းစီသည် သတင်းအချက်အလက်များအပေါ် ပိုင်းခြား ဝေဖန်တတ်ရန်နှင့် ကျင့်ဝတ် သိက္ခာရှိသော ဖန်တီးသူများ ဖြစ်လာရန် လိုအပ်လျက်ရှိပါသည်။