ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှား Sberbank တာဝန်ရှိသူတို့ တွေ့ဆုံ
- 1 view
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ PJSC "Sberbank of Russia ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Mechanism) မှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။