မြန်မာနိုင်ငံကြက်ခြေနီအသင်းက တပ်ကုန်းမြို့နယ်တွင် ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး

09/13/2025

၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း ရေဘေးကြောင့် ထိခိုက်ခံစားရသူများ ပြန်လည်ထူထောင်ရေး အစီအစဥ်အရ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ဆောင်ရွက်သော ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့သည်။ 

ရေဘေးကြောင့် ထိခိုက်ခံစားရသူများ ပြန်လည်ထူထောင်ရေး အစီအစဥ်အရ တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ကလေးငယ်(၁၀၈) ဦးတို့အား School Hygiene Kits များကို ပေးဝေခဲ့သည်။

အလားတူ မကျီးပင်စုကျေးရွာ ကလေးပျော်စင်တာတွင် ကလေးငယ်များ စိတ်ပျော်ရွှင်စေရန် ဂိမ်းကစားခြင်း၊ ပုံပြင်ပြောခြင်းတို့ကို အသင်းမှ ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာ လုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။