မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံမှူးကြီးအား လက်ခံတွေ့ဆုံ
- 18 views
နေပြည်တော် စက်တင်ဘာ ၁၈
မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံမှူးကြီး Mr.Harlianto Tarmizi အားယနေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံမှူးကြီး Mr.Harlianto Tarmizi က မြန်မာနိုင်ငံနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီဒီယာကဏ္ဍဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လိုကြောင်း နှင့် မီဒီယာနှင့်စပ်လျဉ်း၍ လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့်အခြေအနေများကို ဆွေးနွေးမေးမြန်း ခဲ့သည်။
အဆိုပါ ဆွေးနွေးမေးမြန်းခဲ့မှုအပေါ် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံပိုင်မီဒီယာအပါအဝင် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများအကြား အပြန် အလှန်လေ့လာရေးခရီးများစေလွှတ်ခြင်း၊ မီဒီယာကျင့်ဝတ်နှင့်အညီ သတင်းသမားကောင်းများ ဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မီဒီယာဆိုင်ရာနည်းပညာမြှင့် သင်တန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့တွင် နားလည်မှုစာချွန်လွှာ(Memorandum of Understanding-MoU) ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် Language Training နှင့် Scholarship Programme တို့ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ MDD Websibe နှင့် MDD Facebook Page တို့တွင် ပြည်သူများသိရှိစေရန် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။