ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်
- 6 views
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲအား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် “Multidisciplinary Approach in Neurological Care: Innovations and Advanced Treatments” ခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ထိုင်းနိုင်ငံ၊ Neurological Institute of Thailand (NIT) တို့အကြား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ဦးနှောက်နှင့်အာရုံကြော ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ်ကုသမှုနည်းလမ်းများအား နိုင်ငံတကာမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်သွားကြမည်ဖြစ်ကြောင်းသိရသည်။