တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့်ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်ခြင်း
- 5 views
06/23/2025
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့လိုသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာများ လျှောက်ထားနိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ Sanitary and Phytosanitary(SPS) Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန်/ ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များ (ယခင်ခွင့်ပြုထားပြီးသော ကုမ္ပဏီများမပါ) အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း၊ https://www.doa.gov.mm, https://ppd.doa.gov.mm နှင့် www.umfcci. com.mm တွင် Download ဒေါင်းလုပ်ရယူပြီး Hard Copy နှင့် Soft Copy (Wordfile) များဖြင့် (၃၀-၆-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။
