တရုတ်နိုင်ငံမှ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၏ မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များအား စစ်ဆေးအကဲဖြတ်မှု ကနဦးအစီအစဉ် အောင်မြင်စွာ ဆောင်ရွက်ပြီးစီး
- 4 views
06/23/2025
ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံ၏ မန္တလေးမြေငလျင်ကြီးအလွန်ကာလတွင် တရုတ်နိုင်ငံမှ လာရောက်ကူညီသော ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မတ်လ ၂၈ ရက်နေ့ မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များအား စစ်ဆေးအကဲဖြတ်ခဲ့ကြောင်း သိရသည်။
ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးနန်းတော်၊ မဟာမြတ်မုနိဘုရား၊ အမရပူရမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းစသည့် ထင်ရှားကျော်ကြားသော ရှေးဟောင်းအဆောက်အအုံများကို သွားရောက်စစ်ဆေး၍ ပျက်စီးမှုအခြေအနေများအား အကဲဖြတ်ခဲ့ပြီး မြန်မာနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိများနှင့် နီးကပ်စွာဆွေးနွေးခဲ့ကြကာ ပျက်စီးနေသော အမွေအနှစ်များအား အရေးပေါ်မွမ်းမံထိန်းသိမ်းရေး၊ ပြုပြင်ရေး လုပ်ငန်းစဉ်များနှင့် ရေရှည်စီမံချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ မန္တလေးမြေငလျင်ကြီး အလွန်ကာလ၌ တရုတ်နိုင်ငံမှ လာရောက်ကူညီသော ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့သည်(1)National Cultural Heritage Administration၊ (2)Shaanxi Provincial Cultural Heritage Administration၊ (3)Chinese Academy of Cultural Heritage၊ (4)Shaanxi Provincial Institute of Cultural Relics Protection နှင့်(5)Shaanxi Provincial Cultural Relics Protection Engineering Company တို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်အများစုသည် ယခင်က ပုဂံမြို့ရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်မွမ်းမံရေး လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်းသိရသည်။