စင်ကာပူမြို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/သံအမတ်က ReCAAP အမှုဆောင်ဒါရိုက်တာအား လက်ခံတွေ့ဆုံ
- 205 views
06/27/2025
စင်ကာပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင်သည် Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCAAP) Information Sharing Centre ၏ အမှုဆောင်ဒါရိုက်တာနှင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) Mr. Vijay D Chafekar အား ၂၅-၆-၂၀၂၅ ရက်နေ့ ၁၀း၃၀ နာရီတွင် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့နှင့် ReCAAP ISC တို့အကြား အာရှပင်လယ်ပြင်တွင် ဖြစ်ပွားသော ပင်လယ်ရေကြောင်းဓားပြမှုနှင့် ပင်လယ်ပြင်ဓားပြတိုက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်များ မျှဝေရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၌ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအစီအစဉ်များ ကျင်းပပြုလုပ်နိုင်သည့် အခြေအနေစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။