သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာသောလျှပ်စစ်သုံးမော်တော်ယာဉ်များအား ထုတ်ပေးခဲ့

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄)စီးအား ဇွန်လ ၂၅ ရက်နေ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ BRAND NEW WAGON၊ BRAND NAME : DONGFENG NISSAN၊ 2024 MDL၊ C/O: CHINA – (24) U သည် ၁၇-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT)သို့ ရောက်ရှိလာခဲ့သည်။ သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်းသိရှိရသည်။