ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်တွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကျင်းပ
- 10 views
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်တွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် Workshop on “Organizational Culture Development for Newly Appointed Officers and Staff from Department of Human Resources for Health” အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ တင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အရာရှိ၊ အမှုထမ်းကြီး၊ အမှုထမ်းငယ် (ရုံးအကူများအပါအဝင်) သင်တန်းသူ/သင်တန်းသား (၅၃)ဦးတို့ တက်ရောက်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့်အဖွဲ့အစည်းအောင်မြင် တိုးတက်စေရန်၊ ဝန်ထမ်းကျင့်ဝတ်/ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်နှင့် လုပ်ငန်းခွင်ပြဿနာများဖြေရှင်းခြင်း၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်တတ်စေခြင်း၊ ရုံးလုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းများအကြား ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်စေ ခြင်းများအတွက်ရည်ရွယ်၍ ဒုတိယအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
