ASEAN-Japan Women Social Entrepreneurs Workshop ကျင်းပ ပြုလုပ်မည်

07/16/2025 

ASEAN Japan Center မှ  ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊   သြဂုတ်လတွင် ASEAN-Japan Women Social Entrepreneurs Workshop ကို Online မှတဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ASEAN Japan Center မှ ဦးဆောင်၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီးလူမှုရေး စွန့်ဦးတီထွင်သူများ (Women Social Entrepreneurs) များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို လေ့လာသိရှိနိုင်စေရေးအတွက် ၂၀၂၅ ခုနှစ်၊  သြဂုတ်လတွင် တစ်ပတ်လျှင် တစ်ကြိမ်၊(၃) ရက်ကြာ Online မှတဆင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စားသည့် အမျိုးသမီးလူမှုရေးစွန့်ဦးတီထွင်သူ (Women Social Entre preneurs) များအနေဖြင့် (၁၈. ၇. ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ https://forms.office. com/r/kceJrV8vQE   Link တွင် ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။