ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ (၆)လအတွင်း ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည် (၃ ဒသမ ၅) သန်းကျော် လာရောက်ခဲ့
- 4 views
07/17/2025
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ ပထမ (၆)လတာအတွင်း ပြည်တွင်း/ ပြည်ပမှ ဘုရားဖူးဧည့်သည် (၃ ဒသမ ၅)သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ (၆)လတာကာလအတွင်း ဘုရားဖူးဝင်ရောက်မှု အနေဖြင့် သံဃာတော် (၆၇,၇၁၅)ပါး၊ သာသနာ့နွယ်ဝင်သီလရှင် (၃၇,၂၂၁)ပါးတို့နှင့်အတူ အမျိုးသား (၁,၅၃၂,၅၁၀)ဦး၊ အမျိုးသမီး (၁,၈၄၀,၂၉၃)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ နိုင်ငံခြားသား (၁၇,၉၀၇)ဦး၊ နိုင်ငံခြားသူ (၂၀,၈၁၂)ဦး ဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ကာလများအတွင်း ဘုရားဖူးဝင်ရောက်မှုများသည် ရုံးဖွင့်ရက်များ၌ (၁)ရက်လျှင် အနည်းဆုံးလူဦးရေ (၁၀,၀၀၀) ဝန်းကျင်မှ (၄၀,၀၀၀)ဝန်းကျင်အထိ လာရောက်ကြပြီး နေ့ကြီး ရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူး ပိုမိုများပြားကြောင်းသိရသည်။