ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
- 1 view
02/10/2025
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စခန်းချလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ အခြေခံစစ်ပညာသင်တန်းနှင့်တန်းမြင့်စစ်ပညာ သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဗထူးတပ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိနယ်မြေခံ သင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှတိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများ၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံ စစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
10/02/2025
နေပြည်တော် အောက်တိုဘာ ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် "Thu Myae Chann" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်နေ ချမ်းမြေ့သူ (ခ)ကိုချမ်းအား ညနေ ၅ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ “Saing Hleng” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်နေ စိုင်းဆိုင်လိုင်း(ခ)ဆိုင်လျန်းအား စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
10/02/2025
နေပြည်တော် အောက်တိုဘာ ၁
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲစဉ်များ၏ နောက်ဆက်တွဲအခြေအနေများကို အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားစေရေးနှင့် ၎င်းတို့၏ ပလောင်ပြည်နယ်ရရှိရေး စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ရယူရန်အတွက် EAO အဖွဲ့အချို့၏ အကူအညီများရယူပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ရှေ့ကာတပ်အဖြစ် အသုံးချကာ ရှမ်းပြည်နယ်(မြောက် ပိုင်း)အတွင်း၌ ကျောက်မဲမြို့နှင့် နောင်ချို မြို့ အပါအဝင် မြို့/ရွာအချို့အား ခေတ္တစိုးမိုးထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတွင် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းပိုင်းဖြစ်သည့် နောင်ချို-ကျောက်မဲလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးလိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းကြောင်းတွင် စစ်ဗျူဟာအရ အဓိကအရေးပါသည့် ဂုတ်တွင်းတံတား၊ နောင်ပစ် ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ဇီးပင်ကြီးကျေးရွာနှင့် နောင်ပိန် ကျေးရွာတို့အား ပထမအဆင့်ထိန်းချုပ်နိုင်ရေး မြေပြင်အနေအထားအရ အခက်အခဲအတား အဆီးများစွာရှိသည့် ဂုတ်တွင်း တံတား၊ ဂုတ်ထိပ်မီးရထားလမ်း တံတားနှင့် ရှုခင်းသာအပါအဝင် ပထမအဆင့် ထိန်းချုပ်ရမည့် အရေးကြီးနေရာများအား TNLA နှင့် မဟာမိတ်များမမျှော်လင့် သောလမ်းကြောင်းမှ ချဉ်းကပ်ထိုးဖောက်လျက် ဩဂုတ် ၂၉ ရက် တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် ရှမ်းပြည် နယ်(မြောက်ပိုင်း) ခရိုင်မြို့တော်ကြီး တစ်ခုဖြစ်သည့် ကျောက်မဲမြို့အား အမြန်ဆုံးသိမ်းပိုက်နိုင်ရေးနှင့် နောင်ချို-ကျောက်မဲ လမ်းပိုင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ TNLA နှင့် DPLA ၊ PDF အမည်ခံ ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၉ ရက်မှစ၍ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေးဖြင့် မြေပြင်/ဝေဟင် ပေါင်းစပ်ညှိနှိုင်းကာ စစ်ကြောင်းများခွဲ၍ တန်ပြန်တိုက်စစ်များဖြင့် အဆင့်ဆင့် ထိုးဖောက်တိုက်ခိုက် ချေမှုန်းမှုဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် မန်ကွတ်ကျေးရွာ၊ စက်တင်ဘာ ၁၂ ရက်တွင် ပပုတ်ကျေးရွာ၊ စက်တင်ဘာ ၁၃ ရက်တွင် ခေးလောင်းကျေးရွာ၊ စက်တင်ဘာ ၁၅ ရက်တွင် ပန်းမလွတ်ကျေးရွာ၊ စက်တင်ဘာ ၁၇ ရက်တွင် ပိတက်ကျေးရွာနှင့် ပံတီးကျေးရွာ၊ စက်တင်ဘာ ၁၈ ရက်တွင် ကောင်းမှုလိန်ကျေးရွာ၊ စက်တင် ဘာ ၁၉ ရက်တွင် မန်ပန်ကျေးရွာ၊ စက်တင်ဘာ ၂၀ ရက်တွင် ပွိုင့်-၁၂၁၂ တောင်ကုန်း၊ ခိုက်တုန်ဟုန်း ကျေးရွာနှင့် ကုန်းကော်ကျေးရွာ၊ စက်တင်ဘာ ၂၁ ရက်တွင် တောင်ဆေးလိပ် ကျေးရွာ(တောင် ပိုင်း)၊ တောင်ဆေးလိပ်ကျေးရွာ (မြောက်ပိုင်း)၊ စက်တင်ဘာ ၂၂ ရက်တွင် နားအိုက်ခမ်းကျေးရွာ၊ စက်တင်ဘာ ၂၅ ရက်တွင် မြင်းကွင်းကျေးရွာနှင့် နားချောင်း ကျေးရွာ၊ စက်တင်ဘာ ၂၇ ရက် တွင် ခမ်းဆာကျေးရွာနှင့် မန်လွယ်ကျေးရွာ၊ စက်တင်ဘာ ၂၉ ရက် တွင် ပင်တီးကျေးရွာ၊ စခန်းသာကျေးရွာ၊ လုံဝယ်ကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ပေါက်အံလေးကျေးရွာနှင့် ပေါက်အံကြီးကျေးရွာ၊ စက်တင်ဘာ ၃၀ ရက်တွင် နမ့်ဆောကျေးရွာ၊ ခိုမောင်းကျေးရွာနှင့် ကောင်းအိုက်ကျေးရွာတို့နှင့် ၎င်းကျေးရွာများ အနီးတစ်ဝိုက်ရှိ ရန်သူ့စခန်းကုန်းများကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်၍ နယ်မြေခံတိုင်းရင်းသားများအပေါ် မတရားဖိနှိပ်ချုပ်ချယ်ထားသည့် ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ၎င်းတို့၏ ပလောင်ပြည်နယ်ရရှိရေး စိတ်ကူးယဉ်အိပ်မက်များတွင်ပါဝင်သည့် မြို့/ရွာများအား တပ်မတော်စစ်ကြောင်းများက တစ်မြို့ပြီးတစ်မြို့ ပြန်လည်ထိန်းချုပ်ပြီး ၎င်းတို့၏စိတ်ကူးယဉ် အိပ်မက်များကို တစ်ခုပြီးတစ်ခု ရိုက်ချိုးနိုင်ခဲ့ကာ ကျောက်မဲ- နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းအား ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
ထိုသို့ အဆင့်ဆင့်ပြန်လည် တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေးကာလ ၂၁ ရက်တာကာလ အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၃၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၇၆ ကြိမ်၊ စုစု ပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။
TNLA ၊ DPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ကျောက်မဲမြို့မှ ဆုတ်ခွာထွက်ပြေးစဉ် ကျောက်မဲမြို့မ ရဲစခန်း၊ EPC Station ၊ ခရိုင် သစ်တောရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ဦးစီးဌာနအဆောက်အအုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများအား ယုတ်မာရိုင်းစိုင်းစွာဖြင့် အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ခေတ္တထိန်းချုပ်စဉ်ကာလအတွင်း မြို့/ရွာများအတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ကလည်း အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအပေါ် လွန်စွာစက်ဆုပ်ရွံရှာ မုန်းတီးခြင်းနှင့်အတူ ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများသည် ဆင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့/ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီနေရပ်စွန့်ခွာ စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
မိုင်းထောင်ဖောက်ခွဲ
အလားတူ အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၂-၇၈/၃) အတွင်း တည်ရှိသည့် တံတားအမှတ် (၉/၈၄)၊ သံကူကွန်ကရစ် တံတားအားလည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဂုတ်တွင်းတံတား (အသစ်) နှင့် (အဟောင်း)နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသားနှင့်ကမ္ဘာကျော်ရှေးဟောင်းမီးရထားလမ်း တံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား (ကျောက်မဲမြို့ ဘက်အခြမ်း)အားလည်းကောင်း ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနှင့် နောင်ချို - ကျောက်မဲ လမ်းကြောင်းတစ်လျှောက်၌ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများပိတ်ဆို့ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် တပ်မတော် စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများနှင့် ဂုတ်တွင်းတံတားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင် နီယာတပ်ဖွဲ့ဝင်များက ယာယီသံပေါင်ဘေလီ တံတားထိုးခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၉ ရက်မှစ၍ နေ့/ည မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဂုတ်တွင်းတံတားနေရာ၌ ယခုအခါ အလျားပေ ၁၅၀၊ တံတားအကျယ် ၁၈ ပေရှိ သံပေါင်ဘေလီ အမျိုးအစားတံတားသစ်ကြီးကို စက်တင်ဘာ ၁၂ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် တပ်မတော်စစ်ကြောင်းများက အဆိုပါ ကျောက်မဲ - နောင်ချို - ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒေသခံခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကမ္ဘာ့သမိုင်းဝင် ဂုတ်ထိပ်မီးရထား လမ်းတံတား ပျက်စီးမှုအပိုင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အကူအညီဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကလည်း နေ့မအား၊ ညမနား ပြုပြင်လျက်ရှိရာ ယခု အခါ ၅၉ ဒသမ ၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ နောင်ချိုမြို့မှ ၃၃ ကီလိုမီတာအကွာရှိ ကျောက်မဲမြို့ အား ၂၁ ရက်တာကာလအတွင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်သောလုပ်ရပ်များ၊ အဓမ္မနိုင်ထက်စီးနင်းပြုမူမှုများနှင့် လူမျိုးရေးခွဲခြားမှုပုံစံများအပေါ် ရွံရှာအော့နှလုံးနာနေကြသည့် ဒေသခံလူငယ်၊ လူလတ်နှင့် လူကြီးပိုင်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်သောင်းကျန်းသူများ၏ လှုပ်ရှားမှုနှင့် တည်နေရာများအား နောင်ချိုမြို့ သိမ်းပိုက်ပြီးနောက်ပိုင်းမှစ၍ တပ်မတော်စစ်ကြောင်းများအပေါ် အားကိုးကြီးစွာဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့မှုအပေါ် တပ်မတော်စစ်ကြောင်းများကလည်း ပြည်သူသာအမိ၊ ပြည်သူသာအဖ ခံယူချက်အတိုင်း ဒေသခံပြည်သူများအပေါ် မိမိတို့၏ အမိအဖ၊ ဆွေမျိုးများကဲ့သို့ တစ်သားတည်းထင်ဟပ်လျက် အကြမ်းဖက်သောင်းကျန်းသူများ၏ ဒုက္ခဘေးအန္တရာယ်မှ အမြန်ဆုံး လွတ်မြောက်စေရေး ရဲ ၃ ရဲ၊ မြဲ ၃ မြဲဖြင့် ရင်ကိုမြေကတုတ်လုပ် ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နှင့် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် တိုက်လိုခိုက်လိုစိတ် ပြင်းပြစွာတိုက်ပွဲဝင်ခဲ့၍လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင်မြို့တော် ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သောင်းသောင်းဖြဖြကြိုဆို
ယခုကဲ့သို့ ကျောက်မဲမြို့အား ယနေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများကလည်း တပ်မတော်စစ်ကြောင်းများကို အောင်သပြေများ၊ ပန်းကုံးများဖြင့် ဝမ်းသာအားရ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ပင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများနှင့် ဆွေမျိုးများ ပြန်လည်ဝင်ရောက်၍ အေးချမ်းစွာလုပ်ကိုင်စားသောက် နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှု ယန္တရားများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး၊ အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များကို ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်သွားမည်ဟု သိရှိရသည့်အပြင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာ မည့်ရင်သွေးငယ် သား/သမီးများကလည်း ပညာရည်နို့ သောက်ယူနိုင်မည့် အခွင့်အရေးများ ရရှိလာတော့မည်ဖြစ်သလို ဒေသခံပြည်သူများအနက် အသက် ၁၈ နှစ် ပြည့်ပြီးသူများသည်လည်း မကြာမီကျင်းပပြုလုပ်တော့မည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် အချိန်မီမဲပေးနိုင်တော့မည့် နိုင်ငံသားအခွင့်အရေးများကိုလည်း အပြည့်အဝခံစားကြရတော့မည်ဖြစ်၍ အထူးပင်ဝမ်းမြောက်ဂုဏ်ယူနေကြကြောင်း သိရသည်။
သတင်းစဉ်
10/01/2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ ကာတာနိုင်ငံ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
မီဒီယာဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန(ရုံးချုပ်)၊
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊
နေပြည်တော်။
ဆက်သွယ်ရန်ဖုန်း - ၀၆၇၃-၄၁၂၈၆၂