ပြည်တွင်း၌ ဆန်စက်ပေါင်း (၈,၀၀၀) ကျော်ဖြင့်လည်ပတ်နေ

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်တွင်း၌ ဆန်စက်ပေါင်း (၁၀,၀၀၀)ကျော်ရှိသည့်အနက် ဆန်စက် (၈,၀၀၀) ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းသားပိုင် ဆန်စက်အရေ အတွက် (၁၀,၀၀၀)ကျော်ရှိပြီး လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဆန်စက်များမှာ (၈၀) ရာခိုင်နှုန်းခန့် ရှိသည်။

အဆိုပါ ဆန်စက်များမှ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးနိုင်ရန်အတွက် ကြိတ်ခွဲရောင်းချပေးနေခြင်း ဖြစ်ပြီး ဆန်စက်များအနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုဖူလုံရန်အတွက် ကြိတ်ခွဲပေးနေခြင်း ဖြစ်သကဲ့သို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရန်နှင့် ဆန်စပါး အရည်အသွေးမြင့်မားရန် အတွက်နည်းပညာကဏ္ဍ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက် (၁၄) ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်း‌‌‌‌ဒေသကြီးအတွင်းရှိ ဆန်စက် (၇) ခုတွင် (၁၄) မဂ္ဂါဝပ်၊ ပဲခူးတိုင်း‌‌ဒေသကြီး အတွင်းရှိ ဆန်စက် (၃) ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်(၂)ခုတွင်(၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက် (၁) ခု၌ (၃)မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက် (၁)ခု၌ (၁) မဂ္ဂါဝပ် စသည့်ဆန်စက် (၂၈) ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁ ဒသမ ၅) မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။