သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

09/24/2025

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်များ၏ အဓိကစိန်ခေါ်မှုတစ်ခုမှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဝါးဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး ယင်းအပင်တစ်မျိုးမျိုးကထွက်ရှိသော (သို့မဟုတ်) ထုတ်လုပ်သော အရာဝတ္တုများ၊ ဆေးဝါးများကို မူးယစ်ဆေးဝါးဟုသတ်မှတ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူသားတို့၏ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ် ပေးနိုင်ကြောင်း၊ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် ပစ္စည်း တစ်မျိုးဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြော ပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

IPRD