ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77) အား အများပြည်သူသို့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးသွားမည်

10/01/2025 

စွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ရောက်ရှိစေရေးနှင့် စက်သုံးဆီစျေးနှုန်းမြင့်မားမှုအား တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) ကို ၂၀၂၃ ခုနှစ်က စက်ချွတ်ယွင်း၍ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ စက်ရုံကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြင်ဆင်မှုများဆောင်ရွက်ပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ခဲ့သဖြင့် အဆိုပါစက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ (RON 77)ကို လည်း တစ်လီတာလျှင် ငွေကျပ် ၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ်(၁၃၅၄)တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အများပြည်သူသို့ လွတ်လပ်စွာထပ်မံ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင် အမှတ် (၁၃၅၄)တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်သည့် (RON 68) နှင့် (RON 77) တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။