ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
- 5 views
06/27/2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၂၅-၆-၂၀၂၅)ရက်နေ့၌ အ.ထ.က ကျွန်းလှခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ငလျင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောခြင်း၊ ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ စာသင်ကြားနေစဉ်အတွင်း ရုတ်တရက် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ ဘေးအန္တရာယ်မှ လွတ်ကင်းအောင် ဘေးကင်းရာနေရာ သို့ ပြောင်းရွှေ့ခြင်းအား သရုပ်ပြသခြင်း၊ ငလျင်လှုပ်ပြီး အဆောက်ဦးတွင်း ပိတ်မိနေသောလူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းဖွဲ့ဝင်များမှ ကူညီကယ်ဆယ် သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခြင်းကြောင့် အဆောက်အဦးမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များမှ သရုပ်ပြမီးငြိမ်းသတ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အထက ကျွန်းလှမှ ကျောင်းဆရာ၊ ဆရာမများ ဇာတ်တိုက်လေ့ကျင့်ရာတွင် ပါဝင်ဆောင်ရွက်ပေးသည့် Grade-10 မှ ကျောင်းသား/ ကျောင်းသူများစသည်ဖြင့် အင်အား(၂၀၀) တက်ရောက်ခဲ့ကြောင်း သိရသည်။