ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၅ ဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသည့် ဦးစီးအရာရှိ ရာထူး ၅ နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

07/18/2025 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၅ ဖြင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း( ၁၈ )ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူလျက်ရှိကြောင်းသိရသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဦးစီးအရာရှိ(ပြည်တွင်း/ပြည်ပဆက်ဆံရေး) ရာထူး ၂နေရာအတွက် ပညာအရည်အချင်း မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/အင်္ဂလိပ်ဘာသာ/ နိုင်ငံတကာ ဆက်ဆံရေး) [M.A(English/  English-UFL)/(IR)]နှင့် ဦးစီးအရာရှိ(မီဒီယာ)ရာထူး ၃ နေရာအတွက် မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ /အင်္ဂလိပ်ဘာသာ/ နိုင်ငံတကာဆက်ဆံရေး/ သတင်းအတတ်ပညာ/စိတ်ပညာ) [M.A(English/ English-UFL)/(IR/Journalism/ Psychology)]သတ်မှတ်ထားသည်။

လျှောက်ထားလိုသူများသည် Online စနစ်ဖြင့် e-Recruitment and Selection System (e-RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့ကို အသုံးပြုကာ ၁ - ၈ - ၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။

လျှောက်ထားသူများအနေဖြင့် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov.mm, Web Portal နှင့် Myanmar National Web Portal တို့တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။