အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Training on Management of Viral Hepatitis C Infection in Yangon) ဖွင့်ပွဲ အခမ်းအနားကျင်းပ

09/29/2025 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Training on Management of Viral Hepatitis C Infection in Yangon) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ ကူးစက်) တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။  

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်အောက်ပိုင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ အသည်းရောင်အသားဝါ စီရောဂါကုသ‌မှုဆောင်ရွက်လျက်ရှိသော ပြည်သူ့ဆေးရုံကြီး (၂၀)ရုံမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်တို့မှ တာဝန်ရှိသူများ၊ WHO၊ UNICEF နှင့် CHAI အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး NAP ကုသရေး site (၁၄)နေရာ မှ လုပ်ငန်းဆောင်ရွက်လျက်ရှိသော တာဝန်ခံများနှင့် အခြားပုဂ္ဂိုလ်များမှ Zoom ဖြင့် တက်ရောက်ခဲ့ကြသည်။

  အဆိုပါသင်တန်းတွင် အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရာ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ထားရှိသော Simplified Guidelines and Simplified Algorithm စံလမ်းညွှန်ချက်များအတိုင်း တစ်ပြေးညီ စစ်ဆေးကုသမှုပေးနိုင်ရန်နှင့် အသည်းရောင်အသားဝါ စီရောဂါ ကုသရေးဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု၊ ဆေးဝါးနှင့် ဆေးပစ္စည်း စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်၍ ပါမောက္ခ/ ဌာနမှူး အသည်းအထူးကုဆရာဝန်ကြီးများ၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)မှ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများက သင်တန်းဆရာအဖြစ် သင်တန်းပို့ချပေးခဲ့သည်။ 

      သင်တန်းကို (၂၅-၉-၂၀၂၅)ရက်နေ့မှ (၂၆-၉-၂၀၂၅)ရက်နေ့အထိ (၂)ရက်ကြာ Semi-Virtual စနစ်ဖြင့်ကျင်းပခဲ့ပြီး လူကိုယ်တိုင်တက်ရောက်သူ (၄၈)ဦးနှင့် အွန်လိုင်းမှတက်ရောက်သူ (၅၂) ဦး၊ စုစုပေါင်းသင်တန်းသား (၁၀၀)ဦး၊ သင်တန်းဆရာ (၉)ဦးနှင့် အခြားဖိတ်ကြားထားသူများ (၇)ဦး၊ စုစုပေါင်း (၁၁၆)ဦး တက်ရောက်ခဲ့ပါသည်။ (၂၆-၉-၂၀၂၅)ရက်နေ့၊ ညနေပိုင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(သဘာဝဘေး/ ကူးစက်)နှင့် အသည်းအထူးကုဆရာဝန်ကြီးများမှ သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။