ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ၂၀၂၅ (Vietnam-Myanmar Trade Fair 2025)ကျင်းပမည်
- 2 views
10/01/2025
Vietnam-Myanmar Trade Fair 2025 ကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် ထားကြောင်းသိရသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပံ့ပိုးပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကုန်စည်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြပွဲသို့ လာရောက်သူများအတွက် ဗီယက်နမ်-မြန်မာ အစားအသောက်များကို ကျွေးမွေးဧည့်ခံမှုများ၊ ဗီယက်နမ်ရိုးရာဝတ်စုံများဖြင့် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် 72 Sqm ကျယ်ဝန်းသည့် Travel Vietnam Pavilion ကိုလည်း ထပ်တိုးထည့်သွင်းထားပြီး အဆိုပါ Travel Vietnam Pavilion မှာ Travel Agency ၁၀ ခုစာအတွက် ကောင်တာ ၁၀ ခု ပါဝင်မည်ဖြစ်သည်။ ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲမှ မိမိတို့၏ခရီးသွားလုပ်ငန်းများကို တိုက်ရိုက် တွေ့ဆုံရောင်းချနိုင်မည့်အပြင် ဗီယက်နမ် Travel Agent များနှင့်လည်း ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။