Skip to main content
Facebook Youtube Telegram
  • မြန်မာ
  • English
Live Stream
Home

ရှာဖွေမည်

  • မူလစာမျက်နှာ
    • ဌာနအကြောင်း
    • ဌာနဖွဲ့စည်းပုံ
    • ဆက်သွယ်ရန်
  • သတင်း
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • ထူးခြားသတင်း
    • ဒေသတွင်းသတင်း
      • အာဆီယံဒေသတွင်းသတင်း
      • GMS သတင်း
    • သတင်းမှန်ကဏ္ဍ
    • သတင်းဗီဒီယိုများ
  • ဥပဒေ
  • ကြေညာချက်
    • နိုင်ငံတော်အစိုးရ၏ကြေညာချက်များ
    • ဝန်ကြီးဌာနကြေညာချက်များ
    • ထုတ်ပြန်ချက်များ
    • ဦးစီးဌာန၏လုပ်ငန်းများနှင့်ကြေညာချက်များ
    • တင်ဒါ
    • အောင်မြင်ပြီးသည့်တင်ဒါများ

Breadcrumbs

You are here:

  1. မူလစာမျက်နှာ
  2. သတင်းများ
  3. ပါဠိပထမပြန်စာမေးပွဲ ပဥ္စမနေ့ကျင်...

ပါဠိပထမပြန်စာမေးပွဲ ပဥ္စမနေ့ကျင်းပ

default_user Mon, 06/09/2025 - 22:30
  • 4 views

Image removed.

ပြည်တွင်းသတင်း

ဆက်စပ်သတင်းများ

ဆာဗီးယား , ဆာဗီးယား , ဆာဗီးယား
ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဌအား သွားရောက်တွေ့ဆုံ

03/10/2025 

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးကျော်ထွန်းသည်  ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဌ Mr. Miroslav Petrasinovic ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဆားဘီးယားအမျိုးသားလွှတ်တော်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ 

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမို ခိုင်မာစေရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရေး၊  လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားရေး၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

03.10.2025
UNOV , UNOV
ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ်က အမြဲတမ်းကိုယ်စားလှယ်များအား တည်ခင်းသည့် အလုပ်သဘော နံနက်စာစားပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

10/03/2025

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ် Ms. Ghada Waly က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များအား တည်ခင်းသည့် အလုပ်သဘော နံနက်စာစားပွဲကို ၁-၁၀-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာရှိ Mozart Room ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း တက်ရောက်ခဲ့ကြောင်းသိရသည်။  

အဆိုပါ နံနက်စာစားပွဲတွင် UNOV ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂနှစ် ၈၀ ပြည့် မြောက်သော ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ UN80 Initiative အစီအစဉ်အောက်မှ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မှုရှိရေးနှင့် မလိုအပ်သည့် လုပ်ငန်းများကို လျှော့ချရေး၊ ဖွဲ့စည်းပုံပြုပြင်ရေးနှင့် လုပ်ငန်းအစီအစဉ်များ ပြန်လည်ချိန်ညှိရေး၊ ဘတ်ဂျက်အသုံးစရိတ်များလျှော့ချရေး ကိစ္စရပ်များ အပါအဝင် ရေတို/ရေရှည်စီမံကိန်းများ၊ လက်ရှိစိန်ခေါ်မှုများနှင့် ဦးစားပေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

03.10.2025
၈၀ ပြည့်နှစ် , ၈၀ ပြည့်နှစ်
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ်(၈၀) ပြည့် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

10/03/2025 

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၃၀  ရက်နေ့တွင် နယူးဒေလီမြို့၊ ဗီယက်နမ်သံရုံး၌ ကျင်းပသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ်(၈၀)ပြည့် အမျိုးသားနေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စွန့်ဦးတီထွင် ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ H.E. Mr. Jayant Singh Chaudhary က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

03.10.2025
IFRC , IFRC-1
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း၏ အမျိုးသားအဆင့် အသင်းအဖွဲ့ဖွံ့ဖြိုးမှုနှင့် ညှိနှိုင်းမှုဆိုင်ရာ Under-Secretary-General အား လက်ခံတွေ့ဆုံ

10/03/2025 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အမျိုးသားအဆင့် အသင်းအဖွဲ့ ဖွံ့ဖြိုးမှုနှင့် ညှိနှိုင်းမှုဆိုင်ရာ Under-Secretary-General Mr. Milton Xavier Castellanos Mosquera အား အောက်တိုဘာ (၁) ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။  

ထိုသို့တွေ့ဆုံစဉ် IFRC ၏ Under-Secretary-General က မန္တလေးငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IFRC နှင့် MRCS တို့ပူးပေါင်း၍ အကူအညီပေးအပ်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ်  ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

03.10.2025
ရဲတပ်ဖွဲ့ ညစာ
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

10/03/2025 

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ 

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ တပ်ဖွဲ့ဝင်များနှင့် အနုပညာရှင်များအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

03.10.2025

ဌာနတည်နေရာ

မီဒီယာဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန(ရုံးချုပ်)၊

ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊

နေပြည်တော်။

ဆက်သွယ်ရန်ဖုန်း - ၀၆၇၃-၄၁၂၈၆၂

Website Visitors

  • Today Visitors: 5
  • Total Visitor: 54720
  • Unique Visitor: 1349
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

အကြံပြုစာပို့ရန်

© Copyright MDD 2024. All Rights Reserved.