Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

06/26/2025

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြပွဲသည် သီရိလင်္ကာနိုင်ငံ၏ ကျယ်ပြန့်သော ပို့ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ပြသရန်၊ အထူးသဖြင့် အပြန်အလှန်ကုန်သွယ်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများကို မြှင့်တင်ရန် ရည်ရွယ်၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။ “Sri Lanka EXPO 2026” ပြပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်အသေးစိတ်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရှိရသည်။