မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ၊ အိမ်ခြံမြေကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်-အမေရိကန်အသင်းအဖွဲ့များ MoU လက်မှတ်ရေးထိုး
- 313 views
06/27/2025
ဂျပန်နိုင်ငံ တိုကျိုမြို့ NIHON UNIVERSITY ၌ ဇွန် ၂၆ ရက်တွင် ကျင်းပမည့် 2025 JARECO ညီလာခံ တက်ရောက်ရန်JARECO ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်း၊ ဦးတင့်ဆွေ၊ ဒေါ်သက်သက်ခိုင်နှင့် ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌတို့သည် ဇွန် ၂၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ခြံမြေကိုယ်စားလှယ်အဖွဲ့သည် ညီလာခံတက်ရောက်စဉ် ဇွန် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု National Association of Realtors (NAR) အသင်း၏ President Mr Kevin Sears နှင့် (MRESA) အသင်း၏ President Mr. Khin Maung Than တို့ BilateralPartnership Agreement Sign ကို နှစ်ဖက်ဥက္ကဋ္ဌများက အောင်မြင်စွာ လက်မှတ်ထိုးခဲ့ကြသည်။
ထိုသို့နှစ်ဖက်ဥက္ကဋ္ဌများ အောင်မြင်စွာ စာချုပ်ချုပ်ဆိုလိုက်သည့်အတွက်ကြောင့် American Global Association မှ MRESA အသင်းအား International စံချိန်စံညွှန်းမီကြောင်း အသိမှတ်ပြုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ဂျပန်နိုင်ငံမှ JARECO, Japan-American Real Estate Coalition Organization၊ Long Island Board Of Realtors အသင်းတို့မှ BOD Mr Yoshi Takita ၊ ဥက္ကဋ္ဌ Professor MASAYUKI NAKAGAWA တို့နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌနှင့် MoU လက်မှတ်ရေးထိုးခြင်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။