First Aid Focal Person Review Meeting & Risk Awareness and safer Behaviors Training ပြုလုပ်လျက်ရှိ
- 5 views
06/27/2025
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ First Aid Focal Person Review Meeting & Risk Awareness and safer Behaviors Training ကို ဇွန်လ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ပြုလုပ်လျက်ရှိသည်။
ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၅)ရက်နေ့က ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိ သူများ၊ အစည်းအဝေးနှင့် သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။
(၃)ရက်တာပြုလုပ်သည့် အဆိုပါ အစည်းအဝေးနှင့် သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ First Aid Focal Person များ စုစုပေါင်း(၃၁)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။