ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၌ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကျင်းပ
- 3 views
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ Altai State Pedagogical University မှ ဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr. Iskander Azizov နှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမေစန်းရီတို့က ဂုဏ်ပြုအမှာစကားပြောကြားကာ ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့ Director Elena Bavykina က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့အုပ်ချုပ်သူ Shvets Natalya က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရုရှားဘာသာ အထူးပြုကျောင်းသူများက ရုရှားသီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရ သည်။