၂၀၂၅ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၄ ခု ခွင့်ပြုထားလျက်ရှိ

07/10/2025

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၃၉၄.၈၀၉ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၄ ခုကို ခွင့်ပြုထားလျက်ရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၀၉.၄၇၉ သန်းတန်ဖိုးရှိ လုပ်ငန်း ၃ ခုကို ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ DICA အနေ ဖြင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခံစားခွင့်ပြုထားသည့်အပြင် ရင်နှီးမြှုပ်နှံမှုဆောင်ရွက်သည့် နေရာဒေသ အပေါ်မူတည်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်မှ ၇ နှစ်အထိ ခံစားခွင့်ရရှိနိုင်သည်ဟု သိရှိ ရသည်။ ထို့ပြင် DICA Website (www.dica.gov.mm) မှတစ်ဆင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO)ဖြင့် ကုမ္ပဏီများကို မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သလို ဗီဇာသက်တမ်းတိုး ထောက်ခံချက်များကိုလည်း Online မှတစ်ဆင့် လျှောက်ထားနိုင်ရေးအတွက် MIC Permitted Companies Online Visa Application System (MOVAS) စနစ်နှင့် Online Recommendation Letter for Visa Extension စနစ်များကို အထောင်အထည်ဖော်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် ကနဦး စုံစမ်းမေးမြန်းခြင်းအတွက် Step Up Centre ထားရှိကာ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။