သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာသောလျှပ်စစ်သုံးမော်တော်ယာဉ်များအား ထုတ်ပေးခဲ့
- 6 views
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄)စီးအား ဇွန်လ ၂၅ ရက်နေ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ BRAND NEW WAGON၊ BRAND NAME : DONGFENG NISSAN၊ 2024 MDL၊ C/O: CHINA – (24) U သည် ၁၇-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT)သို့ ရောက်ရှိလာခဲ့သည်။ သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်းသိရှိရသည်။