မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့် ကာတာနိုင်ငံကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

News image

ကာတာ

10/01/2025 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌   လက်ခံတွေ့ဆုံ သည်။  

ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟုသိရ

News image

ကြက်မောက်တောင်

10/01/2025 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံသည် စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ကန်ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်းသိရသည်။  

ထိုသို့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော်စီးဆင်းခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ရေပိုလွှဲမှ အမြင့်ဆုံး ၃ ဒသမ ၄၀ ပေအထိ ရေကျော်စီးဆင်းခဲ့သော်လည်း ညနေ ၆ နာရီတွင် အမြင့် ၃ ဒသမ ၃၀ ပေ ရေကျော်စီးဆင်းလျက်ရှိသည့်အတွက် ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77) အား အများပြည်သူသို့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးသွားမည်

News image

Energy

10/01/2025 

စွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ရောက်ရှိစေရေးနှင့် စက်သုံးဆီစျေးနှုန်းမြင့်မားမှုအား တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN Lecture Series သို့ တက်ရောက်

News image

Egypt
Egypt-1

10/01/2025 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၉-၉-၂၀၂၅ ရက်နေ့တွင် October 6 University ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန၌ ကျင်းပပြုလုပ်သည့် 6th ASEAN Lecture Series သို့ အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးဒုတိယအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့ပြီး အာဆီယံ-ကိုင်ရိုကော်မတီဥက္ကဌအနေဖြင့် အာဆီယံအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ 

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာသံအမတ်ကြီး အာဆီယံဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးဖလှယ်ပွဲသို့တက်ရောက်

News image

အာဆီယံ ဗီယင်နာ
အာဆီယံ ဗီယင်နာ −၁

10/01/2025

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌအဖြစ် ၂၀၂၅ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ၃၀-၉-၂၀၂၅ ရက်တွင် ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေး ရာဝန်ကြီးဌာန၌ကျင်းပသည့် အာဆီယံဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။  

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ၂၀၂၅ (Vietnam-Myanmar Trade Fair 2025)ကျင်းပမည်

News image

Myanmar Vietnam

10/01/2025 

Vietnam-Myanmar Trade Fair 2025 ကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် ထားကြောင်းသိရသည်။  

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

News image

တရားမဝင်

10/01/2025 

နေပြည်တော် စက်တင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။