photo

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

09/10/2025

နေပြည်တော် စက်တင်ဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဟန့်တားမှုကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှု၊ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ဘူးသီးတောင်၊ မောင်တောဒေသ၌ တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများအား စစ်တွေမြို့နှင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုခဲ့မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းပါက သက်ဆိုင်ရာဒေသသို့ ပြန်လည်စေလွှတ်တာဝန်ထမ်းဆောင်မည့် အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR ဆက်လက်လက်တွဲပူးပေါင်းပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

10.09.2025 | Views : 1
photo

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက် အကူပြု နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံသစ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့် ဆင့်ပွားသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက်လည်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအထိကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုသင်တန်းတွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲပေးစက်များတွင် Battery တပ်ဆင်ခြင်း၊ ကိုယ်စားလှယ်လောင်း၊ ပါတီအမည်၊ ပါတီအမှတ်တံဆိပ်ပါ စာရွက်များ ကပ်နှိပ်ခြင်းနှင့် မဲရုံများသို့ စက်များပို့ဆောင်ခြင်း စသည့်လုပ်ငန်းများကို အဆင့်လိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် မြို့နယ်အလိုက် မဲပေးစက်ကို ကြိုတင်ဆောင်ရွက်ရမည့် အဖွဲ့များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည် ဖြစ်သည့်အတွက် အလေးထားမှတ်သားလေ့ကျင့်ကြရန်လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရာတွင် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ နည်းပြဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

09.09.2025 | Views : 4
photo

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe လာရောက်ဂါရဝပြုတွေ့ဆုံ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

09.09.2025 | Views : 2
photo

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “လူတိုင်းအတွက်ပညာရေး” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့သည် ကုလသမဂ္ဂလက်အောက်ခံ ယူနက်စကိုအဖွဲ့ကြီးက ကြီးမှူး၍ အီရန်နိုင်ငံ တီဟီရန်မြို့၌ ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက် အထိ ၁၂ ရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ တက်ရောက်ခဲ့သည့် ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ဂရက်မှတစ်ဆင့် သဘောတူ ဆုံးဖြတ်ချက်ဖြစ်သည့် စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ် မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနားများ စတင်ကျင်းပကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့ရောက်တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ပါကြောင်း။

ယခုနှစ် UNESCO အဖွဲ့က ထုတ်ပြန်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ concept note တွင် ဒစ်ဂျစ်တယ်စနစ်၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုနှစ်မျိုးလုံးကို အကျယ်တဝင့်ဖော်ပြထားပြီး ယခုနှစ်အတွက်ထုတ်ပြန်ထားသည့် “Promoting literacy in the digital era” “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်ပါအတိုင်း မြန်မာနိုင်ငံအတွင်း ကျောင်းပြင်ပ ပညာရေးကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးဖြစ်သည့် (ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်)များကို နှစ်အလိုက်ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမှသာ နိုင်ငံအတွင်းရှိ စာမတတ်သူဦးရေကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားထားသည့် “ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက်” နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမှသာ နိုင်ငံအတွင်း စာမတတ်သူဦးရေ လျှော့ချနိုင်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေအရွယ်လွန် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကလေးဦးရေကို ပါ လျှော့ချသွားနိုင်မည်ဖြစ်သဖြင့် မိသားစု၊ ရပ်ရွာဒေသများ ဖွံ့ဖြိုးလာပြီး ထိုမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်သလို ဖွံ့ဖြိုးမှုအညွှန်းကိန်းများ တိုးတက်လာမည်ဖြစ်သဖြင့် ယခုထက်ပိုမိုဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများ နှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများ VIDEO CLIP ကို ပြသပြီး အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနား ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

09.09.2025 | Views : 2
photo

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန် အား လက်ခံတွေ့ဆုံ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အထူးသဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပါအဝင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ချောမွေ့စေ ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

09.09.2025 | Views : 1
photo

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Mr. Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်ပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနည်းလမ်းများ၊ အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Mechanism)မှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

09.09.2025 | Views : 3
photo

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

09/09/2025

နေပြည်တော် စက်တင်ဘာ ၈

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေး ပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစ်စု တစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်း လူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီး စေတနာကိုအရင်းခံ၍ တည်ထောင်ဖွင့်လှစ်ဆောင် ရွက်နေကြသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ၊ ရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန် များနှင့်အညီ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာ သုံးခုနှင့် ဘိုးဘွား ရိပ်သာသုံးခု စုစုပေါင်း ဂေဟာ၊ ရိပ်သာ ၁၇ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၀ တို့ အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၉၇ ဒသမ ၈၆၇ သန်း၊ တိုက်ပွဲရှောင်ပြည်သူ ၁၁၀၃၆ ဦးအတွက် နိုင်ငံတော်က ထောက်ပံ့ငွေကျပ်သန်း ၆၆၂ ဒသမ ၁၆၀ နှင့် အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၄၇၅၉ ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် သန်း ၂၈၄ ဒသမ ၄၀၀ ကို နေပြည်တော်ကောင်စီဝင်များ ထံပေးအပ်ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသူ ၄၇၅၉ ဦး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၂၇၀၄ ဦးနှင့် တိုက်ပွဲ ရှောင်ပြည်သူ ၁၁၀၃၆ ဦး စုစုပေါင်း ၁၈၄၉၉ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၂၄၄ ဒသမ ၄၂၇ သန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

09.09.2025 | Views : 2
photo

ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူ

09/08/2025

နေပြည်တော် စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာလ ၆ ရက်နေ့က အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ၊ သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသူ အမည်မသိလူငယ် ၁ ဦးမှ I Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများမှ ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်မှ ညနေမှပြန်လာမည် ဖြစ်ကြောင်းပြောဆို၍ ပြန်သွားခဲ့ကြောင်း၊ ထိုနေ့ ည ၇ နာရီခွဲခန့်တွင် အဆိုပါလူငယ်သည် အရက်သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ I Phone-11 Pro Max ဖုန်း ဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာတပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးအား PDF ဟုပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက်ပြောဆို ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ရပ်ကွက်ကြီး(၂၁)နေ စိုးဝင်း(၂၄)နှစ်(ဘ) ဦးသိန်းအောင်ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းမှာ တပ်မတော်သားတစ်ဦးမဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြုပေါ်ပေါက်သဖြင့် အများပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်ရာ၌ တပ်မတော်/ဌာနဆိုင်ရာဝန်ထမ်းများအယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ဖော်ပြပါဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများတွေ့ရှိပါက အနီးဆုံးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲစခန်းများသို့ အချိန်မီ သတင်းပို့တိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

08.09.2025 | Views : 11
MDD

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

09/08/2025

နေပြည်တော် စက်တင်ဘာ ၇

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zawlay” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်နေ ဇော်မင်းဦး(ခ)အရှည်ကြီးအား ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

08.09.2025 | Views : 3