03-01 , 04-0

လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အချုပ်တရားခံအား ခေါ်ဆောင်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချုပ်တရားခံအား လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင်(၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သပြေအထူးကုဆေးခန်းသို့ ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့လိုက်ပါပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင်ထွက်ပြေးသွားသူများအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင်အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ်(ဘ)ဦးစိန်မင်းနှင့်လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် (ဘ) ဦးဘိုဘိုသူတို့ကိုလည်းကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် (ဘ) ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေ သူရဝင်း (၃၅)နှစ် (ဘ) ဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင်အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

03.07.2025
MDD

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်ပြတိုက်လမ်းဆုံတွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ Body Search ပြုလုပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။

ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေ ခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။

02.07.2025
MDD

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။

ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။

02.07.2025
MDD

အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။

ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင် ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ (၁) ကြိမ်လျှင် (၁၀) ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာရာတွင် လည်း တစ်ဦးနှင့် တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။

အစုလိုက် အလေးပြုသည့်အချိန်အား (၁၀) မိနစ်ထက် ပိုမကြာစေရန်။

02.07.2025
black list

အမည်မည်းစာရင်းကြေညာခြင်း

၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။

၂။       နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။      ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၄။      (၂၃-၆-၂ဝ၂၅) ရက်နေ့ စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၇-၆-၂ဝ၂၅)

01.07.2025