မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍နည်းပြဆရာသင်တန်းကျင်းပ

အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းကို မတ်လ(၁၇)ရက်နေ့ မှ  (၂၁)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပလျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မတ်လ (၁၇)ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Weapon Contamination Coordinator နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။ 

21.03.2025 | Views : 5
မြန်မာ နီပေါ

မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နီပေါသံအမတ်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ ကျန်းမာရေးသတင်းအချက် အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေး ပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နီလာခန်းမ၌ တွေ့ဆုံစဉ် စာရင်းစစ်ဆေးရာ၌ Manual မှ Digital စနစ်သို့ ပြောင်းလဲလာမှုများ၊ နည်းပညာအသုံးချဆော့ဝဲလ်များ အသုံးပြုနေမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ IT Audit ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

19.03.2025 | Views : 4
ဖိလစ်ပိုင်နှင့်တွေ့ဆုံ

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်ကောင်စစ်ရေးရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A.De Vega (Deputy Foreign Minister, Undersecretary for Migrant Workers’ Affairs, Department of Foreign Affairs) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၁၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ 
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံကောင်စစ်ရေးရာ ကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခွင့်အလမ်းရှာဖွေရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

19.03.2025 | Views : 1
ဂါဇာ

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များတွင် သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သွားရောက်

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၁၇-၃-၂၀၂၅ ရက်နေ့ Keren Kayemeth Lelsrael - ဂျူးအမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors' Club of Israel) တို့ ပူးပေါင်းစီစဉ်သော ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သို့ အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများနှင့် အတူသွားရောက်ခဲ့သည်။  
ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေးအခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင် နေသည့် စီမံကိန်းများကို လိုက်လံကြည့်ရှုခဲ့ရပြီး၊ အစ္စရေး- ဟားမတ်စ်စစ်ပွဲ ၁၈ လတာ ကာလအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံများအတွက် ရပ်ရွာ ပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့်အနေဖြင့် ဂါဇာ ကမ်းမြှောင်အနီး အစ္စရေးဒေသခံများ ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြောကြားမှုများကို မျှဝေခံစား နားထောင်ခဲ့ကြသည်။ ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တော ဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ကြောင်း။ ထို့နောက် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာသို့ သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။ 
ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြမှုကို နားထောင်ခဲ့ရပြီး၊ ရေဆိုးစနစ်မှ ပြန်လည်သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကုလေ့လာခဲ့ကြရပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
 

18.03.2025 | Views : 1
ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့အား တွေ့ဆုံ

ဒုတိယဝန်ကြီးဦးဌေးလှိုင် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို လက်ခံ တွေ့ဆုံ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့ကို မတ်လ ၁၇ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ  ကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက် တားဆီးကာကွယ် တိုက်ဖျက်ဆောင်ရွက်နေမှု၊ ယင်းသို့ဆောင်ရွက်ရာတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများ ကူညီကယ်တင်ဆောင်ရွက်မှုနှင့် ယင်းတို့အနက် ဖိလစ်ပိုင်နိုင်ငံသားများအား ကူညီကယ်တင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကူညီကယ်တင်ထားသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ငန်းစဉ်အလိုက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်/ထွက်ခွာလျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသားများနှင့် မြန်မာ - ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

18.03.2025 | Views : 4
၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025)

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN PRIZE 2025) လျှောက်ထားနိုင်ကြောင်းကြေညာချက်

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်းထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်။ 

၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ-

(က)   အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

(ခ)   အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

(ဂ)   အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုများ၊

(ဃ)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပေါင်းစည်းရေးနှင့် စံနှုန်းများမြှင့်တင်ရေး ဆောင်ရွက်မှုများ၊

(င)   အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ

အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ အပါအဝင် ထင်ရှားသောအဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။

အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုအခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။

အကျဉ်းချုပ်တွင် ပါရှိရမည့်အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/ nomination-form/တွင် download ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) amns.mofa@gmail.com သို့ ၁၁-၄-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားထားပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက် စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

18.03.2025 | Views : 7
အာဆီယံကော်မတီအစည်းအဝေး (ACB)

တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီးမှ ပေကျင်းမြို့ အာဆီယံ ကော်မတီအစည်းအဝေး (ACB) နှင့် အလုပ်သဘောညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စင်ကာပူနိုင်ငံသံရုံးမှကြီးမှူး၍ ပေကျင်းမြို့၌ ကျင်းပသည့် ပေကျင်းမြို့ အာဆီယံကော်မတီ (ASEAN Committee in Beijing – ACB) သံရုံး အကြီးအကဲများ အစည်းအဝေးသို့ အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တက်ရောက်လာသော အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များက  ဖိလစ်ပိုင်သံရုံးမှ ကြီးမှူး၍ ၂၀-၁၁-၂၀၂၄ ရက်တွင် ကျင်းပခဲ့သော ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ပြီး အာဆီယံ- တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ၄ လတာအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှုနယ်ပယ်၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းမှုမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသောဒေသကို ဖန်တီးနိုင်ရန်မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သံအမတ်ကြီးသည် စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Peter Tan က ဧည့်ခံကျွေးမွေးသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး Mr. Liu Jianchao နှင့် ဒုတိယဝန်ကြီး Ms. Sun Haiyan တို့လည်း တက်ရောက်၍ အာဆီယံသံအမတ်ကြီးများနှင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးစွာပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

15.03.2025 | Views : 1
 နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တွင်4th Lumbini International Tipitaka Chanting Ceremony 2025 ဖွင့်ပွဲအခမ်းအနားကျင်းပ

နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်၌ ကျင်းပသည့် 4th Lumbini Tipitaka Chanting Ceremony သို့ မြန်မာသံအမတ်ကြီး တက်ရောက်

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် 4th Lumbini International Tipitaka Chanting Ceremony 2025 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ကြောင်းသိရသည်။ 
ဖွင့်ပွဲအခမ်းအနားသို့ အခမ်းအနားကို ဦးစီးပြုလုပ်သည့် All Nepal Bhikkhu Association ၊ ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများမှ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ၊ Lumbini Development Trust (LDT) ၊ Lumbini Buddhist University အပါအဝင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နီပေါနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ဘုရားဖူးလာပြည်သူများ၊ အင်အား (၂,၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပြီး အဓိက ဧည့်သည်တော်အဖြစ် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် မြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Prakash Man Singh တက်ရောက်ခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ဗုဒ္ဓမြတ်စွာဘုရားအား အခမ်းအနားကျင်းပမည့် လုမ္ဗိနီဥယျာဉ် မယ်တော်မာယာအုတ်ကျောင်းသို့ ပင့်ဆောင်ပူဇော်ခြင်း၊ ပိဋိကတ်ကျမ်းစာအုပ်များအား ပင့်ဆောင်ခြင်း၊ ပင့်ဆောင်ပူဇော်ရာလမ်းတစ်လျှောက် ရဟန်းရှင်လူပြည်သူများက ဗုဒ္ဓဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ပြုလုပ်ကြပါသည်။ အခမ်းအနားတွင် နိုင်ငံအလိုက် သံဃာ့ဥသျှောင်ဆရာကြီးများ၊ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံ၊ အခမ်းအနား၏ အဓိကအလှူရှင်နှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများက ချီးကျူးဂုဏ်ပြုပူဇော်သည့် အမှတ်တရစကားများ အသီးသီးပြောကြားခဲ့သည်။

 မြန်မာသံအမတ်ကြီးက ချီးကျူးဂုဏ်ပြုပူဇော်စကားပြောကြားရာတွင် အခမ်းအနားသို့ မြန်မာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အခမ်းအနားကို တာဝန်ယူဦးစီးကျင်းပပေးသည့် All Nepal Bhikkhu Association ၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် LDT နှင့် နီပေါနိုင်ငံ အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများ၊ Lumbini Buddhist University ၊ Lumbini Provincial Government တို့မှ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြားမိန့်မှာချက်များကို မှတ်တမ်းတင်ပြီး ပူဇော်စောင့်ရှောက်ခြင်း၊ လိုက်နာကျင့်သုံးခြင်း၊ ပွားများအောင် အားထုတ်ကြိုးပမ်းခြင်း စသည်တို့သည် ဗုဒ္ဓသာသနာတော်ကို အရှည်တည်တံ့ ထွန်းလင်းတောက်ပစေရန် မွန်မြတ်သော လုပ်ဆောင်ခြင်းများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရဟန်းသံဃာတော်များအား တိပိဋိကတ်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းအပြင် ဗုဒ္ဓအဆုံးအမများနှင့်အညီ မြန်မာ ဘုန်းတော်ကြီးကျောင်းများနှင့် မြန်မာလူမှုဝန်းကျင်အဖွဲ့အစည်းများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများတွင် လိုက်နာကျင့်ကြံမှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထာဝရထွန်းလင်းပါစေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 
သံအမတ်ကြီးသည် ခရီးစဉ်အတွင်း လုမ္ဗိနီရှိ LDT ၏ ရုံးခန်းတွင် Vice Chairman ဖြစ်သူ ဘုန်းတော်ကြီး Venerable Khenpo Chime နှင့်လည်းကောင်း၊ Lumbini Provincial Government ရုံးစိုက်ရာ Dang မြို့သို့ သွားရောက်ခဲ့ပြီး Lumbini Provincial Government အကြီးအကဲဖြစ်သူ Chief Minister Mr. Chet Narayan Acharya ထံသို့လည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပြီး မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ၊ လုမ္ဗိနီရှိ မြန်မာရွှေကျောင်းတော်ကြီး၏ သာသနာပြု လုပ်ငန်းလုပ်ဆောင်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပန်ကြားခဲ့ကြောင်း သိရသည်။ 

10.03.2025 | Views : 12
အမျိုးသမီးများနေ့အဖြစ်နန်နင်းမြို့တွင်ကျင်းပ

“Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ တက်ရောက်

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၇-၃-၂၀၂၅ ရက်နေ့တွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ကြီးမှူးပြုလုပ်သော “Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် အမျိုးသမီးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 
အဆိုပါအစီအစဉ်ကို ကမ္ဘာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ကွမ်ရှီးဒေသရှိ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကျောင်းများမှ အမျိုးသမီးဝန်ထမ်းများ၊ ဆရာမများ၊ နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ အမျိုးသမီးကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးဝန်ထမ်းများစသည်ဖြင့် (၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါပွဲတွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Sun Chunhua က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ကာ ပါဝင်တက်ရောက်သူများက စကားဝိုင်းဆွေးနွေးပွဲ၊ ကျွမ့်ရိုးရာလက်မှုပညာသင်တန်းနှင့် ပန်းအလှဆင်သင်တန်း အစီအစဉ်များတွင် တက်ကြွစွာပါဝင်ခဲ့ကာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်ဟင်းခါးဖြင့် ပါဝင်တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

08.03.2025 | Views : 8
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ တက်ရော

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်မာနိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့သည်။

ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်မှ ၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ကျင်းပရာ နိုင်ငံပေါင်း (၂၇)နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၇၀၀)ဦးခန့် တက်ရောက်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

07.03.2025 | Views : 4