Drug

ကလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 06/30/2025  

ကလေးမြို့၌  ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ညနေ ၅နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၂) မနောသုခလမ်းတွင် မွန်မွန်အောင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀) ဖမ်းဆီးရမိသဖြင့် မွန်မွန်အောင် (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

အလားတူ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် သတင်းအရ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်မြတ်ထွန်းလမ်းတွင် လမ်းလျှောက်လာသူ ဖူးပွင့်သွယ် (ခ) စန်းစန်းထွေး (ခ) သေးသေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၄၀၀) ဖမ်းဆီးရမိသဖြင့် ဖူးပွင့်သွယ် (ခ) စန်းစန်းထွေး (ခ) သေးသေး (၂၉) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

30.06.2025
စက်သုံးဆီစည်​ဈေးနှုန်း

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမြင့်တက်သော်လည်းစက်သုံးဆီအလုံအလောက်ရှိသဖြင့်ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ကြောင်း သိရှိရ

06/30/2025

ယခုသီတင်းပတ်ကာလများအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနှင့်အတူ အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်စည်လျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ပြည်တွင်းတွင် စက်သုံးဆီများအလုံအလောက်ရှိသဖြင့် ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ကြောင်းသိရသည်။

 

သတင်းစဉ်

30.06.2025
စိုက်ပျိုးရေးကိရိယာပေးအပ်

မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား အထွက်တိုး မျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ ပေးအပ်

06/28/2025

သမဝါယမအသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပျော်ဘွယ်မြို့နယ် ကထိန်ရာပြည့် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ အချိန်မီ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း နိုင်ရေး၊ ထွက်ရှိလာသော သီးနှံများဈေးကွက်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ရန်ကုန်-မန္တလေးကားလမ်းမကြီးမှ သူဌေးကုန်း- ကျောင်းကုန်း-အုန်းပင်ခြံ-လက်ပံတော-သရက်ပင်လမ်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သောနေရာအား ကွန်ကရစ်ရေပြွန် တည်ဆောက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ မင်းလှသာစည်ကျေးရွာရှိ လူဦးရေ ၄၆၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ရန်ကုန်-မန္တလေးကားလမ်းမကြီးမှ မင်းလှသာစည်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကျေးရွာရှိ တောင်သူ ၁၂ ဦး၏ စိုက်ပျိုးမြေဧက ၃၀ အကျိုးပြုပေးလျက်ရှိသည့် မင်းလှသာစည်ကျေးရွာ ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းသင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း တပ်ကုန်းမြို့ “လှ” ချည်မျှင် ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

28.06.2025
မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတွေ့ဆုံ , မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတွေ့ဆုံ

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်

06/28/2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့ရှိ သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုအကြိမ်တွေ့ဆုံမှု၌ ယခင်ကတွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့်ဆန္ဒရှိကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်ပြောကြားပြီး ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)အား အိမ်ရှင်အဖြစ်ကျင်းပနေချိန် လုပ်ငန်းတာဝန်များ များပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ်တွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ အမြန်ဆုံးစေလွှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိသည်ကို မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်းပြောကြားလိုပါကြောင်း။

အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့

စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်းရရှိခဲ့ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025) သို့ တက်ရောက်လာကြသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ္စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥစဘက်ကစ္စတန် နိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

28.06.2025
ကာချုပ် ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ပညာသင်များနှင့်တွေ့ဆုံ

နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်

06/28/2025

ဘယ်လာရုစ်သမ္မတနိုင်ငံသို့    ရောက်ရှိနေသည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်သည် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ 

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများ တက်ရောက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးချင်းစီ သင်ကြားရသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်းသွားရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြရန်လိုကြောင်း။

မြှင့်တင်ဆောင်ရွက်

တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကာ ကြိုးစားအားထုတ်နေထိုင်သွားလာခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရအကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကိုတန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင် ပါဝင်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းမှာကြားပြီး နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

28.06.2025