
ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ
09/08/2025
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော No.1 Point ZWP 16 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၀.၁၅၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇.၃၈၄၁ စက္ကန့်၊ Point ZWP 12 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂.၇၂၁၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃.၅၄၃၅ စက္ကန့်၊ No.2 Point ZWP 17 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄.၈၃၁၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉.၇၇၄၈ စက္ကန့်၊ ZWP 13 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉မိနစ် ၀၇.၈၃၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၉ မိနစ် ၂၂.၈၂၇၈ စက္ကန့်၊ No.3 ZWP 18 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀.၁၆၆၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅.၅၂၁၇ စက္ကန့်၊ ZWP 14 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄.၃၂၀၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅.၄၁၉၀ စက္ကန့်နှင့် Point 4 ZWP 19 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၄.၁၅၂၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၅၁.၀၀၅၆ စက္ကန့်၊ ZPQ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၇.၈၁၄၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၄၄.၂၇၈၆ စက္ကန့်တို့အတွင်းတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈ ) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို Heavy Lift Vessel, “HUA TIAN LONG” ၊ Pipe Lay Barge, “HUI ZHONG 301” နှင့် Dive Support Vessel “HUA XIANG LONG” ရေယာဉ်တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
09/08/2025
နေပြည်တော် စက်တင်ဘာ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့သာယာကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ရှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၇၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၂ မျိုး၊ စားသောက်ကုန်ပစ္စည်း ၂၁ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၂၅၆၇၅၅၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Profia Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Dong Feng Tractor Head နှစ်စီး၊ Cheng Long Tractor Head တစ်စီး၊ Faw Tractor Head တစ်စီး၊ Howo Sino Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ခြောက်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ ခရဲကမ်းနားကျေးရွာအနီး၌ မော်တော်ယာဉ်ခုနစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၈ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၂၄ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၅၈၉၉၅၂၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Hino Ranger Truck တစ်စီး၊ Mitsubishi Fuso Tractor Head နှစ်စီး၊ Hino Profia Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် လေးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ဝါးဘိုးတော-ဒုံသမိ ကားလမ်းအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၅ မျိုး၊ စားသောက်ကုန်ပစ္စည်းကိုးမျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၈၁၉၃၁၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၄၀၂၈၆၃၈၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟိုပုံးမြို့နယ်အတွင်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းကိုးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၀၃၁၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Canter Truck တစ်စီး၊ Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀)ကိုလည်းကောင်း၊ လွိုင်လင်မြို့နယ် ချိုခမ်းကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၂၁၀၀၀၀) ကိုလည်း ကောင်း၊ အေးသာယာမြို့ ရပ်ကွက်(၃)ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၁ မျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၅၂၄၀၀၀၀) ကိုလည်းကောင်း၊ တောင်ကြီးမြို့ ပလီလင်းကျေးရွာ တောင်ကြီးဇလဲ သွားကားလမ်းအနီးရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၅၈၅၀၀၀၀) ကိုလည်းကောင်း၊ တောင်ကြီးမြို့ မိုင်းပွန်တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၇၅၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succed တစ်စီး၊ Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၀၀၀၀၀) ကိုလည်းကောင်း၊ တောင်ကြီးမြို့ မြို့အဝင်ဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၃၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Faw Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၀၇၄၃၆၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ရတနာပုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စားသောက်ကုန်ပစ္စည်း ၃၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၂၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၁၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့အနောက်မြို့ရှောင်လမ်းအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၁၅၇၅၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး၊ SKAT Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၅၀၀ တန်၊ သစ်မာ ၀ ဒသမ ၉၃၅ တန်၊ အခြားသစ် ၄ ဒသမ ၂၇၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁၇၈၆၄)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၆၃၃၆၁၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့ ရန်ကုန်- မန္တလေးအမြန်လမ်းအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၆၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၆၃၀၄)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Mitsubishi Delica တစ်စီး၊ Toyota Lightace တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၄၂၆၃၀၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၃၀၄၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၇၉၈၉၄၉)ကိုလည်းကောင်း၊ ကော့သောင်းမြို့ တော်ဝင်ဆိပ်ကမ်းတံတား၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၂၄၈၈၀၂)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်လုံရွာရှိခြံဝင်းတစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၇၄၀၀၀၀)ကိုလည်းကောင်း၊ ရွာငံခရိုင် မြို့ကြီးအနီး၌ မော်တော်ယာဉ်ခုနစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၆၅ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၄၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၃၉၄၈၁၉၈) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck သုံးစီး၊ Hino Profia Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Cheng Long Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၄၀၀၀၀၀၀)ကိုလည်းကောင်း၊ မုတ္တမဆိပ်ကမ်း(ရွှေပြည်သာ)၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၅၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၅၀ မျိုး၊ စားသောက်ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၈၂၆၈၈၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် M.V Shwe Kain Nayi ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆၃၀၄၄၈၂၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၆၅၂၅၄၇၅၃)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သတင်းရရှိသည်။
သတင်းစဉ်

နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် အသက် ၁၅ နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည်အားဖြည့် ဆောင်ရွက်ပေးလျက်ရှိ
09/08/2025
နောင်ချို စက်တင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကွင်းဆင်းပြီး ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည်အားဖြည့် ဆောင်ရွက်ရန်အတွက် Big Catch-up ၊ Routine Catch-up နည်းလမ်းများဖြင့် အမီလိုက်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် ၁၅ နှစ်အောက် ကလေးများအား လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities) ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၆ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၂၁၇၈ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၄၁၉ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည်အားဖြည့်ဆောင်ရွက်လျက်ရှိပြီး အသက်ငါးနှစ်အောက်ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး၊ ထိုးဆေး) တို့ကိုလည်းကောင်း၊ အသက်ငါးနှစ်မှ ခုနစ်နှစ်အရွယ် ကလေးများအား ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး)တို့ကိုလည်းကောင်း၊ အသက်ခုနစ်နှစ်မှ ၁၅ နှစ်အရွယ် ကလေးများအား မေးခိုင်-ဆုံဆို့ ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးတို့ကိုလည်းကောင်း ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကလေး စုစုပေါင်း ၁၂၀၉၇ ဦးကို လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့သည်။
ထို့အတူ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်မှစ၍ နောင်ချိုမြို့ “မြနန်းတော်ဝင်” မင်္ဂလာခန်းမ၌ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂ ရက်နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပြီး လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိကာ ဇူလိုင် ၂၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ ၃၄၅၀ နှင့် အတွင်းလူနာ ၃၇၈ ဦးကို လိုအပ်သော ကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ချွီကျင့်မြို့၌ ကြည့်ရှုလေ့လာ
09/08/2025
ချွီကျင့် စက်တင်ဘာ ၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချွီကျင့်မြို့ မာလုံဒေသ၊ ကျန်းယိဒေသနှင့် ချီလင်ဒေသသို့ သွားရောက်လေ့လာကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာလုံဒေသရှိ ကျန်းကျုံးဟောင်ယွန့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစုသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းစုဆိုင်ရာအချက်အလက်များ၊ ဘက်ထရီတပ်ဆင်အသုံးပြုသည့် သယ်ယူပို့ဆောင်ရေး ကုန်တင်ကားကြီးများနှင့် ပတ်သက်၍ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အာမခံပေးခြင်း၊ သက်တမ်းပြည့်ကားများ ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်းများအား ဝန်ဆောင်မှုပေးနေမှု၊ ဒစ်ဂျစ်တယ်စနစ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ထိန်းချုပ်ရေးစင်တာမှ စောင့်ကြပ်ကြည့်ရှုထိန်းချုပ်ပေးနေမှု၊ ကုန်တင်ယာဉ်များ၏ ဘက်ထရီများအား အချိန်တိုအတွင်းအားဖြည့်ခြင်း၊ လဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘက်ထရီအသုံးပြုစွမ်းအင်သစ်ကုန်တင်ကားများ၏ ဓာတ်ခဲလဲလှယ်မှုလုပ်ငန်းစဉ်ကို လက်တွေ့ပြသရာ ဘက်ထရီလဲလှယ်ခြင်းဆောင်ရွက်ရာတွင် အချိန်နှစ်မိနစ်နှင့် ဘက်ထရီအားသွင်းခြင်းအတွက် အချိန် ၁၅ မိနစ် ကြာမြင့်မှုကို လက်တွေ့ပြသသည်။
ထိပ်တန်းအဆင့်လုပ်ငန်းစု
ကျန်းကျုံးဟောင်ယွန့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစုကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကုန်းလမ်းကုန်စည် ပို့ဆောင်ရေး၊ စက်ယန္တရားများငှားရမ်းခြင်း၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြင့်မားသော အလွိုင်းပစ္စည်းရောင်းချခြင်းနှင့် ခေတ်မီသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကာ ယူနန်ပြည်နယ်တွင် ထိပ်တန်းအဆင့်ရှိသည့် လုပ်ငန်းစုတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းနောက် ထူကွားချုံးရွာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကျေးရွာဆိုင်ရာအချက်အလက်များ၊ ထူကွားချုံးရွာအား “14335” ပုံစံဖြင့် လည်ပတ်နေမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ထူကွားချုံးရွာကို (၁)အစိုးရ၏ ဦးဆောင်မှုကိုခံယူခြင်း၊ (၄) အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ကုမ္ပဏီများ၊ လုပ်ငန်းများ၊ လုပ်ငန်းစုများက လာရောက်ရင်းနှီးမြှုပ်နှံပြီး ရွာသူရွာသားများ၏ စုပေါင်းအားဖြင့် ကျေးရွာတိုးတက်အောင် ဆောင်ရွက်ခြင်း၊ (၃) လာရောက်တည်းခိုသူများကို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူများ၏ သက်သာချောင်ချိမှုဝန်ဆောင်မှုပေးခြင်း၊ တည်းခိုသည့်အိမ်များအား အိမ်တော်ထိန်းဝန်ဆောင်မှုပေးခြင်း၊ (၃) ရွာတိုးတက်လာချိန်တွင် အဆိုပါကျေးရွာ၊ ကျေးရွာရှိ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျေးရွာနေပြည်သူများ၏ ဝင်ငွေများတိုးတက်ရရှိပြီး အကျိုးအမြတ်ရရှိခြင်း၊ (၅) ကျေးရွာတိုးတက်လာသည်နှင့်အမျှ ဖွဲ့စည်းလုပ်ဆောင်မှုအား ကောင်းလာခြင်း၊ ရွာသူရွာသားများ၏ အမြင်များတိုးတက်လာခြင်း၊ ပတ်ဝန်းကျင်ပိုမိုလှပလာခြင်း၊ လူများပိုမိုစည်ကားလာခြင်း၊ ရွာသူရွာသားများ ပိုမိုစီးပွားတိုးတက်ခြင်းဟူသည့် “14335” ပုံစံဖြင့် လည်ပတ်နေသည့် ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။
ပန်းချီလက်တွေ့ရေးဆွဲ
ထို့နောက် ကျေးရွာစာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လည်ပတ်မှုပုံစံကို ကြည့်ရှုလေ့လာကြပြီး ကမ္ဘာ့အရှည်ဆုံး နံရံဆေးရေးပန်းချီဆရာ၏ ပန်းချီအလုပ်ခန်းကို ကြည့်ရှုလေ့လာကာ “ချစ်ကြည်ရေးပန်းချီ”ကို လက်တွေ့ အတူရေးဆွဲကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျန်းယိဒေသ ယူနန်ယွမ်ဖန်းဇီဝလုပ်ငန်းစု တိုင်းရင်းဆေး ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိကြရာ တာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ သုတေသနပြုလုပ်ငန်းများ၊ စက်ရုံမှထွက်ရှိသည့် ဆေးဝါးနှင့် ထုတ်ကုန်ပစ္စည်းများ၊ အရောင်းရဆုံးဆေးဝါးထုတ်ကုန်များ၊ ဖြန့်ချိမှုအခြေအနေနှင့် နိုင်ငံတော်ကချီးမြှင့်သည့် ဆုတံဆိပ်ရရှိမှုများကို လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါလုပ်ငန်းကို ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး ကူမင်းမြို့၌ စက်ရုံတည်ထောင်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ကုန်အမှတ်တံဆိပ်ဖြင့် စက်ရုံထွက်ဆေးဝါးပစ္စည်းများကို ရောင်းချခဲ့ကြောင်း၊ အဆိုပါစက်ရုံထွက် ထုတ်ကုန်များသည် သဘာဝဆေးပင်များကို အခြေခံထုတ်လုပ်ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ယူနန်ပြည်နယ် ချွီကျင့်မြို့သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်မုန့်များ လက်တွေ့ပြုလုပ်
ထို့နောက် ကျူးကျန်းယွမ်ထို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျန်းယိဆန်မုန့်လုပ်ငန်းသို့ ရောက်ရှိကြရာ အလုပ်ရုံပိုင်ရှင်က ဆန်မုန့်ပြုလုပ်ပုံ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရှေးယခင်လက်ထက်က ဆန်မုန့်ပြုလုပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ထုတ်လုပ်သည့် ဆန်မုန့်အမျိုး ၃၀၀ ကျော်ကို ရှင်းလင်းပြသပြီး ဆန်မုန့်များကို လက်တွေ့ပြုလုပ်ပြသသည်။
ယင်းနောက် ချီလင်ဒေသရှိ ချီလင်ရေပေါ်ဥယျာဉ်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်အတွင်း ပန်းပေါင်းစုံနှင့် အပင်ပေါင်းစုံပေါက်ရောက်ရှင်သန်မှု၊ ရာသီအလိုက်အပင်များစိုက်ပျိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုနှင့် အပန်းဖြေလေ့လာစရာနေရာအဖြစ် တည်ဆောက်ထားမှုနှင့် ကုန်းပြင်မြင့်ပေါ်တွင်တည်ရှိသည့် ရေပေါ်ဥယျာဉ်တစ်ခုဖြစ်မှုတို့ကို ရှင်းလင်းတင်ပြပြီး ရေပေါ်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ခရီးသွားဧည့်သည်များပြား
အဆိုပါ ရေပေါ်ဥယျာဉ်သည် ဧက ၂၀၀၀ ကျော် ကျယ်ဝန်းပြီး အခြားပန်းမျိုးစုံအပါအဝင် ကြာအမျိုးပေါင်း ၁၃၀ ကျော်နှင့် ပြောင်းဖူးစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိသည်။ ပန်းဥယျာဉ်အတွင်း လမ်းလျှောက်ခြင်း၊ လှေစီးခြင်း၊ စက်ဘီးနင်းခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များပါရှိပြီး ဘာဂီများဖြင့် လှည့်လည်လေ့လာနိုင်ကာ နေ့စဉ်ခရီး သွားဧည့်သည်အများအပြား လာရောက်ကြောင်း သိရသည်။
ညပိုင်းတွင် ချွီကျင့်မြို့ ပါတီဗဟိုကော်မတီအတွင်းရေးမှူး Yang Bin က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ချွီကျင့်မြို့ရှိ Guanfang ဟိုတယ်၌ ညစာစားပွဲ ဖြင့် တည်ခင်းဧည့်ခံသည်။
ခင်းကျင်းပြသလျက်ရှိ
အလားတူ ကိုယ်စားလှယ်အဖွဲ့တွင်ပါရှိသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကအဖွဲ့သည် ကူမင်းမြို့တွင်ကျန်ရှိပြီး တောင်ပိုင်းဒေသညချမ်းနှင့် ချည် Show ပိုးဖဲအနီးအနား တဖွဲဖွဲဈေးရောင်းပွဲတော်တွင် ပါဝင်ဖျော်ဖြေတင်ဆက်ကပြခြင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာ ထုတ်ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် ခရီးစဉ်ဒေသများ၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းပြခန်းများကို ဆက်လက်ခင်းကျင်းပြသခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
09/08/2025
နေပြည်တော် စက်တင်ဘာ ၇
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zawlay” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်နေ ဇော်မင်းဦး(ခ)အရှည်ကြီးအား ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။