
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၅)ကျင်းပ
09/06/2025
နေပြည်တော် စက်တင်ဘာ ၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်ကအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်နေ့မှစတင်၍ အဆင့်လိုက်ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအား သတ်မှတ်ကြေညာခဲ့ပြီး” ဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်အညီ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအား သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် Online Media များပေါ်၌ ရေးသားဖြန့်ဝေခဲ့သူများအား ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက် အထိ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြုကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် လျာထားအစီအမံများကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Beidahaung Smart Agriculture Exhibition Center နှင့် Heilongjiang Huida Technology Co., Ltd. တို့၌ ကြည့်ရှုလေ့လာ
09/06/2025
နေပြည်တော် စက်တင်ဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် Beidahaung Smart Agriculture Exhibition Center သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Beidahaung Smart Agriculture Exhibition Center သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုလေ့လာ
ယင်းနောက် Beidahaung Smart Agriculture Exhibition Center အတွင်း ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှု သရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီဒစ်ဂျစ်တယ် လူမဲ့နည်းပညာဖြင့် AI စနစ်သုံး စက်ယန္တရားများဖြင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်မှု၊ AI စနစ်သုံး Drone များဖြင့် စိုက်ပျိုးမြေများအတွက် လိုအပ်သောမြေဩဇာများ၊ ပိုးသတ်ဆေးများ ကြဲပက်ခြင်းနှင့် မျိုးစေ့များ ကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် Beidahaung Smart Agriculture မှ ထုတ်လုပ်ထားရှိသည့် အဆင့်မြင့်လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မေးမြန်းဆွေးနွေး
ဆက်လက်၍ Data Center အတွင်း လူမဲ့နည်းပညာ ဖြင့် AI စနစ်သုံး ကောက်စိုက်စက်များ၊ Drone များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တိုက်ရိုက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ Beidahaung Smart Agriculture Exhibition Center မှ တာဝန်ရှိသူတစ်ဦးက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Heilongjiang Huida Technology Co., Ltd. သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီမှ နိုင်ငံတကာ၌ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်ဖြင့် ယာဉ်ယန္တရားများ၏ဒီဇိုင်းများ ထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များ ထုတ်လုပ်အသုံးပြုလျက်ရှိမှု၊ AI စနစ်သုံး မြေအခြေအနေတိုင်းတာရေးပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဟာပင်းမြို့ Taiping International Airport မှတစ်ဆင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ ထွက်ခွာကြရာ ဟေလုံကျန်းပြည်နယ် အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ချန်ဒူးမြို့ Chengdu Shuangliu International Airport သို့ ရောက်ရှိကြရာ စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေး
09/06/2025
နေပြည်တော် စက်တင်ဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui နှင့် Jin Jiang Hotel ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အတူ စီချွမ်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ချိန်တွင် စီချွမ်ပြည်နယ်မှ အကူအညီပေးရေးအဖွဲ့များ စေလွှတ်ခဲ့မှုအခြေအနေများ၊ စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး
09/05/2025
နေပြည်တော် စက်တင်ဘာ ၄
(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပထမအကြိမ် အာဆီယံ-အီးယူပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးများအဆင့်ဆွေးနွေးပွဲ၊ တတိယအကြိမ် အာဆီယံ-ဂျပန်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့် (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးများသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ UNFCCC COP 30 ဥက္က၊ ဥရောပသမဂ္ဂ၊ အာဆီယံအပေါင်းသုံး နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ပထမအကြိမ် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲပထမပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် အစည်းအဝေး ဒုတိယဥက္ကအဖြစ် ပတ်ဝန်းကျင်ဆိုင်ရာ ဥရောပသမဂ္ဂကော်မရှင်မှ Ms. Jessika Roswall နှင့် Mr. Wopke Hoestra တို့က ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားကြပြီး အာဆီယံနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်စေရေးအတွက် နိုင်ငံတကာစည်းနှောင်မှုရှိသော သဘောတူညီချက်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများ၊ နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ UNFCCC COP 30 ဆိုင်ရာ ပူးတွဲသဘောထား၊ နိုင်ငံတကာပင်လယ်ရေကြောင်း အဖွဲ့(IMO)၏ အဏ္ဏဝါပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကာကွယ်ရေးဆိုင်ရာပူးတွဲသဘောထား၊ ကာဗွန် ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ၂၀၂၅-၂၀၂၆ အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲကြေညာချက်များအား အတည်ပြုထုတ်ပြန်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့်ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကျင်းပမည့်နေ့ရက်နှင့် နေရာသတ်မှတ်ခြင်း တို့ကို ဆွေးနွေးကြသည်။
ပူးတွဲကြေညာချက်ထုတ်ပြန်
တတိယအကြိမ်မြောက် အာဆီယံ-ဂျပန်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် ဒုတိယဥက္ကအဖြစ် ဂျပန်နိုင်ငံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E. Mr.Keiichiro Asao တို့ကဆောင်ရွက်၍ အဖွင့်အမှာ စကားပြောကြားကြပြီး အာဆီယံ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာမဟာဗျူဟာအစီအစဉ် (SPACE)နှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်က ကြေညာချက်များဖတ်ကြားခြင်းနှင့် ပူးတွဲကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခြင်းများ ဆောင်ရွက်ကြသည်။
(၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတတိယပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် အာဆီယံအပေါင်း သုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများက ဆောင်ရွက်၍ အမှာစကား ပြောကြားကြပြီး အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ အာဆီယံအပေါင်းသုံး အစည်းအဝေးများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များ၊ အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အဏ္ဏဝါပလတ် စတစ်ညစ်ညမ်းမှုဖြေရှင်းရေးဆိုင်ရာ ကနဦးဆောင်ရွက်ချက်များ၊ ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းအစီ အစဉ်များ၊ အာဆီယံ - တရုတ်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာမူဘောင် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် စိစစ်အကဲဖြတ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာ မူဘောင်(၂၀၂၆-၂၀၃၀) ရေးဆွဲခြင်း၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်မည့် အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ - ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တိုး တက်မှုအခြေအနေ၊ အာဆီယံ- ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် တိုးတက်မှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ်များအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးအပြီးတွင် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးတွင်ဥက္ကအဖြစ် ဆောင်ရွက်မည့် ဘရာဇီးလ်နိုင်ငံမှ H.E. Ambassa-dor Andr Aranha Corr a do Lago နှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်