99

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်

နေပြည်တော် ဇူလိုင် ၂၃

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၇) အခွန်အယူခံခုံအဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အခွန်အယူခံခုံအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။

ဦးစွာ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်တို့က အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ လက်တွေ့စမ်းသပ်အသုံးပြုခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။

24.07.2025
88

မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၃

မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ညွှန်ကြားရေးမှူး Mr. Zhang Zhong Hua ၊ တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei ၊ မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ Senior President ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr. Li BoBo ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း / အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောကြားပြီး မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေး အသင်းမှ Senior President ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr. Li BoBo က အသင်း၏ ထောက်ပံ့လှူဒါန်းမှုအခြေအနေ၊ ရှေ့ဆက်လက်လှူဒါန်းဆောင်ရွက်သွားမည့်အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများထံ လှူဒါန်းပစ္စည်းများကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ဝန်ထမ်းများကို လှူဒါန်းပစ္စည်းများ ခွဲဝေပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများကို နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းဆောင်ရွက်နေမှုအခြေအနေ၊ လေ့ကျင့်ရေး၊ နေထိုင်စားသောက်ရေး၊ အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် အားကစားသမားရွေးချယ်ထားရှိမှုအခြေအနေ၊ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေ၊ အားကစားသမားများ၏ ကျန်းမာရေးအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အုပ်ချုပ်/ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဆုတံဆိပ်မျှော်မှန်းထားရှိမှု အခြေ အနေ၊ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားနည်းအလိုက် လိုအပ်လျက်ရှိသည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

24.07.2025
66

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၃

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။

အကောင်အထည်ဖော်ဆောင်ရွက်

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ၇ လတာကာလအတွင်း ကော်မရှင်လုပ်ငန်းတာဝန် ၁၅ ချက်ကို ချမှတ်ပေးခဲ့ရာ အတိုင်းအတာတစ်ခု အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို အလေးထားဆွေးနွေးစေလိုပါကြောင်း၊ ထို့အပြင် ယခင်ပြီးစီးခဲ့သည့် အစည်းအဝေးများမှ ရရှိခဲ့သည့်ဆွေးနွေးဆုံးဖြတ် ချက်များအပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များ စူးစမ်း၊ လေ့လာ၊ တူးဖော်မည့်ကိစ္စရပ်များ၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားစေလိုပါကြောင်း။

Generation Mix ကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပညာရှင်များက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် မူတည်ပြီး ဓာတ်အားဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်၊ ပြန်ပြည့်မြဲစွမ်းအင်အချိုးအစားတစ်ခုပါဝင်ရန်အတွက် အမှန်တကယ်ရရှိနိုင်မည့် စွမ်းအင်လောင်စာ များနှင့် နှစ်အလိုက် ရည်မှန်းချက်လျာထားပြီး Generation Mix သတ်မှတ်ရန် လိုအပ်မည်ဖြစ်သည့်အတွက် National Electricity Master Plan 2014 (JICA) နှင့် Nationally Determined Contribution (NDC) 2021 ရည်မှန်းချက်များအပေါ် အကြံပြုဆွေးနွေးရန် ရှိသည်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ တစ်ဆက်တည်းတွင် အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်နှင့်စွမ်းအင်ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်ပြီး လျှပ်စစ်ကဏ္ဍတွင် လက်ရှိအသုံးပြုနေသော အရင်းအမြစ်များအပြင် နေရောင်ခြည်စွမ်းအင်၊ လေအား၊ LNG စသည့် အရင်းအမြစ်များကိုပါ တိုးမြှင့်အသုံးပြုနိုင်ရန်၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားဝယ်ယူခြင်းတို့ကဲ့သို့ နည်းလမ်းများပါ အကောင်အထည်ဖော်ဆောင်ရွက်နေကြသလို စွမ်းအင်ကဏ္ဍတွင်လည်း လက်ရှိရှိရင်းစွဲရေနံမြေများ ထုတ်လုပ်မှု တိုးတက်လာရန် အဆင့်မြင့်နည်းပညာရပ်များ အသုံးပြုခြင်း၊ ရေနံမြေအသစ်များရှာဖွေခြင်း၊ ကမ်းလွန်စီမံကိန်းအသစ်များ အကောင်အထည်ဖော်ခြင်း၊ ရေနံချက်စက်ရုံများ အသစ်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။

အမြန်ဆောင်ရွက်ပေးလျက်ရှိ

ယခုလို ဖွံ့ဖြိုးရေးလုပ်ငန်းများတစ်ရက်စောပြီးပါက နိုင်ငံတော်အတွက် တစ်ရက်ပို၍အကျိုးရှိမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများသည် လုပ်ငန်းသဘောသဘာဝအရ ရင်းနှီးမြှုပ်နှံမှု များပြားသည့် စီမံကိန်းများဖြစ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရရှိလာရေးကိုလည်း ဦးစားပေးလုပ်ငန်းရပ်တစ်ခုအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုအတွက်ကိုလည်း “နိုင်ငံတကာနှင့် ဒေသတွင်း လျှပ်စစ်နှင့်စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့” ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အဆိုပါအဖွဲ့အနေဖြင့်လည်း လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် ပြည်တွင်း/ ပြည်ပမှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ အခွင့်အလမ်း (Opportunity) များ ဖန်တီးပေးနိုင်ရေး၊ ဆွဲဆောင်မှု (incentive) ပေးရေး၊ လုပ်ငန်းကြန့်ကြာမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ပေးခြင်း၊ စီမံကိန်းမြေနေရာရရှိနိုင်ရေး One Stop Service ၊ ငွေကြေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးခြင်းစသည့် လုပ်ဆောင်ပေးနိုင်သည်များကို အမြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အမျိုးသားအကျိုးစီးပွား (National Interest) နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု (Socio Economic) တို့အတွက် အဓိကကျကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲရန်ကိုလည်း အမြဲလမ်းညွှန်မှာကြားလျက် ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရန်ကုန်တိုင်းဒေသကြီး ဆိုလာပြားထုတ်လုပ်သည့်စက်ရုံကို သွားရောက် စစ်ဆေးခဲ့သည့် ခရီးစဉ်တွင် ပြည်တွင်းတွင် ထုတ်လုပ်သည့် ဆိုလာပြားများ၏ အရည်အသွေးကို ပြည်ပမှတင်သွင်းသည့် ဆိုလာပြားများနှင့်ယှဉ်လျှင် အရည်အသွေးလျော့ကျမှုမရှိစေရေးနှင့် စနစ်တကျ ထုတ်လုပ်နိုင်ရေး၊ ဆိုလာပြားများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင် ရန်လိုပြီး ဆိုလာပြားထုတ်လုပ်မှုတိုးတက်ရေးနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ စွမ်းအင်ကဏ္ဍတွင် အထူးသဖြင့် ကမ်းလွန်လုပ်ကွက်စီမံကိန်းများသည် အရေးကြီးသည့်စီမံကိန်းများဖြစ်သောကြောင့် ယင်းစီမံကိန်းများကို သတ်မှတ်ချိန်အတိုင်း ဆောင်ရွက်နိုင်ရေး၊ လေ့လာရေးနှင့် ရှာဖွေရေးလုပ်ငန်းများ မြန်မြန်စတင်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် စက်သုံးဆီများကို ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျော့နည်းသက်သာစေရန် ရေနံ ချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲနိုင်ရေး အစီအမံချမှတ်နိုင်ရန်၊ ဓာတ်အားလျော့နည်းပျောက်ဆုံးမှုမဖြစ်စေရေး စစ်ဆေးရေးအဖွဲ့များဖွဲ့၍ စစ်ဆေးနိုင်ရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ရန်လိုပါ ကြောင်း၊ လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ကျယ်ပြန့်ပြီး သက်ဆိုင်ရာ Stakeholder အားလုံး ပေါင်းစပ်ဆောင်ရွက်မှသာ စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်သူများအားလုံး ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က တတိယအကြိမ် အစည်းအဝေးကာလအပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် ကော်မရှင်၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြကြပြီး ကော်မရှင်အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ကော်မရှင်အစည်းအဝေး (၃/၂၀၂၅) ဆုံးဖြတ်ချက်များအနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သော အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များအား ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ UMFCCI ဥက္ကဋ္ဌတို့က ပြည်ထောင်စုနယ်မြေ၊ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဆောင်ရွက်ဆဲ/ဆောင် ရွက်မည့် လုပ်ငန်းစီမံကိန်းအခြေအနေများနှင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အကြံပြုလိုသည်များကို ဆွေးနွေးတင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်တွင် လိုအပ်နေသည့် လျှပ်စစ်စွမ်းအားကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် မျှော်မှန်းသည့် လူမှုစီးပွားဘဝတိုးတက်ပြီး Living Standard မြင့်မားလာမည်ဖြစ်သလို နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရရှိရေး၊ ဓာတ်အားဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်များ၊ MOU/ MOA ဆိုင်ရာ ကိစ္စရပ်များတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ​ပြောကြားခဲ့သည်။

သတင်းစဉ်

24.07.2025
6

3

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

24.07.2025