
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိ ရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆုဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ကိုနီသွေး (မန်းမြို့) ၏ “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ မိဘနှင့်သားသမီးဆက်ဆံရေး၊ ဆရာနှင့် တပည့်ဆက်ဆံရေးနှင့် ညီအစ်ကိုမောင်နှမအချင်းချင်းဆက်ဆံရေးတွင် မေတ္တာအခြေခံသော နားလည်စာနာမှုရှိခြင်းက အထူးအရေးကြီးလှကြောင်း ဖော်ကျူးထားသော ဝတ္ထုများ ပါဝင်သည်။ “မှန်ပြတောင်” တောင်ခြေရှိ တဲကျောင်းလေးနှင့် ဂူတစ်လုံးရှိရာသို့ ၁ဝ ရက်ကြာသွားရောက် တရားအားထုတ်သော သခင်ကိုသူ၏ခွေးကြီးကျားမောင်က ဂူပေါက်ဝတွင် စောင့်၍ အန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပုံဝတ္ထုက စိတ်ဝင်စားဖွယ်ကောင်းသည်။ မုဆိုးများ သားကောင်ရှာသည့်အခါ ပြိုင်ဘက်မုဆိုးရှိလာလျှင် ရှောင်ပေးရသော မုဆိုးစည်းကမ်းရှိကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုကလည်း တစ်မူထူးခြားသည်။ မည်သူမဆို အသက်အရွယ်ကြီးရင့်လာလျှင် မိမိဇာတိရွာကိုသာပြန်၍ ခေါင်းချလိုသော လူ့သဘာဝရေးဖွဲ့မှုကလည်း ပီပြင်သည်။ အရက်သမားများ အရက်မူးလာလျှင် ပြုမူတတ်သော အမူအကျင့်ကို ဟာသနှော၍ ရေးဖွဲ့ထားပြီး ခဲဖိုးကိစ္စဖြင့် နှစ်ဖက်မိဘ အသိုင်းအဝိုင်းက မကျေမလည်ငြင်းခုံနေစဉ် သတို့သားနှင့် သတို့သမီးတို့က အိမ်မှတိတ်တဆိတ်ထွက်ပြေးသွားကြပုံ ဝတ္ထုကလည်း ရယ်မောရသည်။ စာရေးသူသည် သူ့ဝတ္ထုများကို ကျစ်ကျစ်လျစ်လျစ်နှင့် လှလှပပဖွဲ့စည်းထားသောကြောင့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
အများပြည်သူသို့ အသိပေးကြေညာချက်
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme – PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့် စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အစိုးရဓမ္မာစရိယစာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ
နေပြည်တော် ဇူလိုင် ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ကျမ်းရင်းသုံးကျမ်းအောင် (ကျမ်းပြီး) ၁၁၄၈ ပါး/ဦး၊ နှစ်ကျမ်းအောင် ၁၁၁၄ ပါး/ဦး၊ တစ်ကျမ်းအောင် ၁၂၉၆ ပါး/ဦး၊ ပါဠိဂုဏ်ထူးအောင်တစ်ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၃ ပါး စုစုပေါင်း ၃၅၇၂ ပါး/ဦး အောင်မြင်ကြသည်။
စုစုပေါင်းဖြေဆိုသူ ၁၇၅၆၂ ပါး/ဦးအနက် အောင်မြင်သူ ၃၅၇၂ ပါး/ဦးဖြစ်၍ ၂၀ ဒသမ ၃၃ ရာခိုင်နှုန်း အောင်မြင်ကြသည်။
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအနက် ဓမ္မာစရိယသုံးကျမ်းအောင် (ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမ) ရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-

၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.Org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

မန္တလေးငလျင်ကြီးကြောင့် တိုက်ပိတိုက်ပြားပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများပေးအပ်
07/06/2025
နေပြည်တော် ဇူလိုင် ၅
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် တိုက်ပိတိုက်ပြားပျက်စီးခဲ့ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် အိမ်သုံးပစ္စည်းများကို ယမန်နေ့က သက်ဆိုင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့သည့် Sharp နှင့် Hisense ရေခဲသေတ္တာ ၁၅ လုံး Hisense 32" TV ၁၅ လုံး၊ Alpha ထမင်းပေါင်းအိုး ၁၅ လုံး၊ panda လျှပ်စစ်ရေနွေးအိုး ၁၅ လုံး၊ penzil လျှပ်စစ်ဟင်းချက် အိုး ၁၅ လုံးနှင့် Samsonic လျှပ်စစ်မီးပူ ၁၅ လုံး တို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၂၆) ယာယီစခန်းရှိ ဝန်ကြီးရုံး ဝန်ထမ်းမိသားစုများ၊ ဆည်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ယာယီစခန်းရှိ စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းမိသားစုများ စုစုပေါင်းမိသားစု ၂၈ စုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လက်ဝယ်အရောက် လိုက်လံပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်