
EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြား
07/06/2025
နေပြည်တော် ဇူလိုင် ၅
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ညနေပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက သင်တန်း ဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် သင်တန်းဆင်း တစ်ဦးက သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (TTTC ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ် အသုံးပြုပုံ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့်စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် Electude Digital Learning Management System နှင့် တွဲဖက်ပြီး ဇွန် ၁၆ ရက် မှ ဇူလိုင် ၄ ရက်အထိ သင်တန်း ကာလ သုံးပတ်အတွင်း တစ်ပတ် လျှင်ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းသင်တန်းချိန် နာရီ ၉၀ ဖြင့် လေ့ကျင့်ပေးခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၂၀ နှင့် ဌာနဆိုင်ရာ သင်တန်းသားခုနစ်ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းပေါင်း ၃၈၆၈၃ သင်း ဖွဲ့စည်းခဲ့ပြီဖြစ်
07/06/2025
နေပြည်တော် ဇူလိုင် ၅
၂၀၂၅ ခုနှစ်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သမဝါယမစီးပွားရေးဗဟိုဌာန၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနသည် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ်အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် သမဝါယမအပေါ် စိတ်ဝင်စားသူများအား စည်းရုံးဖွဲ့စည်းခြင်း၊ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်သူများဖြင့်သာ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ သမဝါယမအသင်းပေါင်း ၃၈၆၈၃ သင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်းများအတွက် အထွက်တိုးမျိုးစေ့ ရှာဖွေပေးခြင်း၊ မြေပြုပြင်ရန် သွင်းအားစုထည့်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မွေးမြူရေးကုန်ထုတ်အသင်းများအတွက် မျိုးကောင်းမျိုးသန့်မွေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်အစာဝယ်ယူနိုင်ရေးစီစဉ်ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးလျက်ရှိသည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (Coopeative Accounting Vocational Training Center) များကို မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် ပုသိမ်မြို့များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်ကာဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကြွေးကြော်သံဆောင်ပုဒ်ဖြစ်သည့် “Cooperatives: Driving Inclusive and Sustainable Solutions for a Better World” (သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီးကို တည်ဆောက်ကြပါစို့) ဆိုသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံးက သဘောတူ လက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးကြိုးစားအားထုတ်ပြီး တာဝန်ရှိသူများကိုယ်တိုင်က စနစ်တကျကြီးကြပ်ဆောင်ရွက်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနနင့် သမဝါယမအသင်းများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဗဟိုသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြု စကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့မှ ပေးပို့သောသဝဏ်လွှာကို ဗဟိုသမဝါယမ အသင်းလီမိတက်မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ဖတ်ကြား၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်မှု Video Clip ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တိုင်းဦးစီးမှူးများထံ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် သက်တံရောင်စီမံကိန်းစိုက်ပျိုးရေး၊ မွေးမြူရေးထောက်ပံ့ငွေများ၊ စက်ကိရိယာများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ပေးအပ်ကာ သမဝါယမလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာ မြှင့်တင်ပေးရမည်
07/06/2025
နေပြည်တော် ဇူလိုင် ၅
နေပြည်တော် AERDTC ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၇၄)ကြိမ်မြောက် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များအား တောင်သူနှင့် စိုက်ပျိုးရေးပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းခွင်မှ လယ်သမားများအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်လုပ်ကိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် ချဉ်းကပ်နည်းများကိုအခြေပြု၍ နည်းပညာပေးရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ “ညီညွတ်မှု” ကိုအခြေခံကာ တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် သက်ဆိုင်ရာပညာရှင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ နေပြည်တော်ရှစ်မြို့နယ်မှ တောင်သူ ၅၀ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၅၇ ဦးတို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်

တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာ မြှင့်တင်ပေးရမည်
07/06/2025
နေပြည်တော် ဇူလိုင် ၅
နေပြည်တော် AERDTC ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၇၄)ကြိမ်မြောက် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များအား တောင်သူနှင့် စိုက်ပျိုးရေးပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းခွင်မှ လယ်သမားများအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်လုပ်ကိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် ချဉ်းကပ်နည်းများကိုအခြေပြု၍ နည်းပညာပေးရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ “ညီညွတ်မှု” ကိုအခြေခံကာ တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် သက်ဆိုင်ရာပညာရှင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ နေပြည်တော်ရှစ်မြို့နယ်မှ တောင်သူ ၅၀ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၅၇ ဦးတို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်း
07/05/2025
နေပြည်တော် ဇူလိုင် ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်ရှိ ကျိုက္ကဆံကွင်းအားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia နှင့် သံရုံးတာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ တရုတ်နိုင်ငံသံအမတ်ကြီးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံချစ်ခင်ရင်းနှီး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် အားကစားကဏ္ဍပါဝင်နေပါကြောင်း၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များကို စဉ်ဆက်မပြတ်ရယူပေးနိုင်ခဲ့သည့် မြန်မာ့ဝူရှူးအားကစား အောင်မြင်မှုအတွက် တရုတ်နိုင်ငံမှ Joint Training ခေါ်ယူလေ့ကျင့်မှုများ၊ ပြည်ပနည်းပြများရရှိရေးနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ကူညီလှူဒါန်းပေးခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးထံ တရုတ်နိုင်ငံသံအမတ်ကြီးက ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံ၍ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဘဏ္ဍာရေးဘတ်ဂျက် ဖြင့် မြန်မာ့အားကစားအောင်နိုင် ရေးမြင့်မားစေရန် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ နောင်လာမည့် အရှေ့တောင်အာရှ နှင့် အာရှအားကစားပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင် မှုများ ရရှိစေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်း အတွင်းရှိ Teqball အားကစားရုံသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော Teqball အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှု စစ်ဆေးကာ အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အားကစား သမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး ရန်ကုန်တိုင်းအားကစား နှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက(၁)လသာ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ထို့နောက် အမျိုးသားမီတာ (၁၀၀ x ၄)လက်ဆင့်ကမ်း ပြိုင်ပွဲ နှင့် အမျိုးသမီးမီတာ(၁၀၀ x ၄) လက်ဆင့်ကမ်း ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြကြောင်း သိရ သည်။
သတင်းစဉ်