02

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၌ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ Altai State Pedagogical University မှ ဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr. Iskander Azizov နှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမေစန်းရီတို့က ဂုဏ်ပြုအမှာစကားပြောကြားကာ ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့ Director Elena Bavykina က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့အုပ်ချုပ်သူ Shvets Natalya က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရုရှားဘာသာ အထူးပြုကျောင်းသူများက ရုရှားသီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရ သည်။

03.07.2025
01

မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်ပွဲကို Fight of the Month အဖြစ် UFC ရွေးချယ်

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ ကျင်းပနေသော UFC သည် ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်တို့ ထိုးသတ်သည့်ပွဲကို ရွေးချယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

မြန်မာစံတော်ချိန် ဇွန် ၂၉ ရက်က ကျင်းပသည့် UFC-317 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်သည့် ဂျိုရှု အာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်ပွဲမှာ ပရိသတ်အကြိုက် တွေ့ခဲ့သလို နှစ်ဦးစလုံးလက်သီးချင်း အားပြိုင်ကာ ဂျိုရှုအာဗန်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ၎င်းတို့ နှစ်ဦးထိုးသတ်သည့်ပွဲမှာ ယင်းပြိုင်ပွဲ၏ Fight of the Night အဖြစ် ရွေးချယ်ခံရသလို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ်ပါ ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။ 

မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် လက်စွမ်းပြ အနိုင်ရခဲ့သဖြင့် ဝါရင့် MMA ဖိုက်တာများ၏ ချီးကျူးခြင်းခံရသလို UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း စိန်ခေါ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

03.07.2025
image

ပဲတီစိမ်းအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနည်းလမ်းများ ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂

ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို နေပြည်တော် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)၌ ယမန်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့သင်တန်း ဒုတိယရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပါဝင်ပို့ချဆွေးနွေးသည်။

သင်တန်းတွင် ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ သဘောတရားအား လူထုအခြေပြုစနစ်ဖြင့် နေပြည်တော်မှစတင်၍ တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှုလှိုင်းအသွင်ဖြင့် ဆောင်ရွက်စေနိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ချဆွေးနွေးသည်။

ထို့သို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းသည် နေပြည်တော်မှ တစ်နိုင်ငံလုံးအတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ပို့ချသွားမည်ဖြစ်၍ သင်တန်းမှပို့ချချက်များနှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုမှ ရရှိလာမည့်အတွေ့အကြုံများကို အခြေခံပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရန် စိုက်ပျိုးရေးနည်းပညာ တစ်ခုတည်းကို အာရုံစိုက်ခြင်းထက် တောင်သူဗဟိုပြုချဉ်းကပ်မှု၊ ဒေသနှင့် လူထုအခြေပြုဖြေရှင်းနည်းများဖြင့် ကျေးရွာအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေးဆိုင်ရာ ကျေးရွာကော်မတီ ဖွဲ့စည်းကာ နည်းပညာနှင့် မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပေါင်းစပ်ကျင့်သုံးရန် လိုအပ်ကြောင်း ထည့်သွင်းမှာကြားသည်။

ယနေ့ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ သင်တန်းဆရာ ဆရာမများကလည်း စပါးအထွက်နှုန်းကွာဟချက် လျှော့ချနိုင်မည့် နည်းပညာအလေ့အကျင့်ကောင်းများ၊ ပဲတီစိမ်းသီးနှံ၏ အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းနည်းလမ်းများ၊ စစ်တမ်းကောက်ယူမည့် မေးခွန်းလွှာများနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချကြကြောင်း သိရသည်။

03.07.2025