MDD

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်

09/23/2025

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့တိုင်ကြားရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး (နေပြည်တော်)

(၁) ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅၀၁

(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ)

(၁) ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၀၂

(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကချင်ပြည်နယ်)

(၁) ၀၉-၃၄၉၀၃၅၅၃၄၊ ၀၉-၃၄၉၀၃၈၃၇၆

(၂) မိုဘိုင်းဖုန်းမှစာတို(SMS) ပေးပို့ရန် ၀၉-၃၄၉၀၃၈၃၇၆

(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကယားပြည်နယ်)

(၁) ၀၉-၃၄၉၀၁၅၈၄၇၊ ၀၉-၃၄၉၀၁၄၄၈၆

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၁၀၀၆၆၃၈

(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကရင်ပြည်နယ်)

(၁) ၀၅၈-၂၀၂၄၅၃၀၊ ၀၅၈-၂၀၂၃၅၃၁

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၆၉၁၁၁၁၉၁၀

(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ချင်းပြည်နယ်)

(၁) ၀၇၀-၂၀၂၂၃၆၈၊ ၀၇၀-၂၀၂၂၅၉၉

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၈၉၀၉၃၇၅၇၄

(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)

(၁) ၀၇၁-၂၀၃၂၀၉၁၊ ၀၇၁-၂၀၃၂၀၉၂

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၇

(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)

(၁) ၀၅၉-၂၀၂၄၀၃၇၊ ၀၅၉-၂၀၂၄၀၃၈

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၈

(ဈ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)

(၁) ၀၅၂-၂၂၀၁၉၃၉၊ ၀၅၂-၂၂၀၁၉၄၉

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅ဝ၉

(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)

(၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃-၂၀၂၈၈၇၉

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁ဝ

(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)

(၁) ၀၂-၄၀၂၁၂၄၅၊ ၀၂-၄၀၂၁၂၄၆

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၁

(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)

(၁) ၀၅၇-၂၀၂၇၉၃၅၊ ၀၅၇-၂၀၂၇၉၃၆

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၂

(ဍ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)

(၁) ၀၉-၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၃

(ဎ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)

(၁) ၀၁-၈၃၀၀၀၁၆၊ ၀၁-၈၃၀၀၀၁၇

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၄

(ဏ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)

(၁) ၀၈၁-၂၁၂၄၅၄၀၊ ၀၈၁-၂၁၂၄၉၉၅

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၅

(တ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)

(၁) ၀၄၂-၂၀၂၅၉၉၃၊ ၀၄၂-၂၀၂၅၉၉၄

(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၆

၂။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်း၊ မသမာမှုများနှင့်ပတ်သက်၍ တိုင်ကြားခြင်းများအား တိကျစွာ ဆက်သွယ်သတင်းပို့နိုင်ပါကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့

23.09.2025
photo

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံအကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ် - မြန်မာဆွေးနွေးပွဲ ကျင်းပ

09/23/2025

ရန်ကုန် စက်တင်ဘာ ၂၂

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group(CMG)တို့ ပူးပေါင်းကျင်းပသည့် အတူဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း “ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ” အကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ်-မြန်မာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးပုဂ္ဂိုလ် ဒေါက်တာနိုင်ဆွေဦးနှင့်အဖွဲ့ဝင် ဒေါက်တာခင်မောင်လွင်၊ ဆွေးမျိုးပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ အမျိုးသားဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ” မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Dr. Zheng Zhihong က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံတို့ နောက်တွင် တရုတ်နိုင်ငံမှ ထပ်မံအဆိုပြုသည့် နောက်ထပ်အရေးပါသော အစီအမံတစ်ရပ်ဖြစ်ကြောင်း၊ အနာဂတ်ကိုကြည့်ပါက တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသော နိုင်ငံကြီး၏ အခန်းကဏ္ဍကို ဆက်လက်ဖော်ထုတ်၍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု စနစ်ပြုပြင်ပြောင်းလဲရေးနှင့် ပြည့်စုံတိုးတက်မှုရှိစေရေးအတွက် နည်းလမ်းများနှင့်ခွန်အားများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေးရာစီမံခန့်ခွဲမှုအတွေ့အကြုံ ကူးလူးဖလှယ်မှုများ တိုးမြှင့်လုပ်ဆောင်ပြီး ခေတ်မီတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အတူလက်တွဲချီတက်ကာ တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို ရေရှည်တည်ငြိမ်စွာတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတွင် “ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ၏ အနှစ်သာရ၊ ယနေ့ကမ္ဘာကြီးအတွက် အရေးပါမှုနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံမှ ဖော်ဆောင်ပေးသောလမ်းစ”စသည့် ခေါင်းစဉ်တို့ဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုတို့ကို မတူညီသော ရှုထောင့်များဖြင့် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

23.09.2025
photo

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များလေ့ကျင့်နေမှုနှင့် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များကြည့်ရှု

09/23/2025

နေပြည်တော် စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အင်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များ အရှိန်အဟုန်မပြတ် ကြိုးစားလေ့ကျင့်ပြင်ဆင်နေမှုကို ကြည့်ရှုအားပေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လက်ဝှေ့၊ ဖူဆယ်နှင့် တင်းနစ်လေ့ကျင့်ရေးကွင်းရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်နေမှု၊ အမျိုးသား(Nage-no-kata)နှင့် အမျိုးသမီး (Ju-no-kata) လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်သူများဖြစ်အောင် ကြိုပမ်းဆောင်ရွက်သွားရန်၊ မိမိတို့ရရှိထားသည့် စံချိန်စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလေ့ကျင့်သွားရန်၊ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် ပြိုင်ပွဲအတွေ့အကြုံများများရရှိစေရန် အကြီးတန်းနှင့်အငယ်တန်းပြိုင်ပွဲများကို လစဉ်ကျင်းပပေးပြီး အားကစားသမားများ၏အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ပြုပြင် သင်ကြားလေ့ကျင့်ပေးသွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်ဟိုတယ်များ ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ ဧည့်သည်လက်ခံနိုင်ရေးနှင့် ဝန်ဆောင်မှုပေးရန်ပြင်ဆင်ထားရှိမှု၊ ဟိုတယ်အလိုက်အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများ အဆင့်အတန်းမီစွာ လက်ခံကျင်းပနိုင်ရေးအတွက် အဆင့်မြှင့်တင်ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

23.09.2025
MDD

နိုင်ငံတော်အတွက်အမှန်တကယ်ဖော်ဆောင် ရွေးကောက်ခံကိုယ်စားလှယ်များဆောင်ရွက်

09/23/2025

အစိုးရအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်ရန် အဓိကဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်ရန်ရှိသည်များကို သဘောတူထားပြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်တမျှအလွန်အရေးကြီးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် လွှတ်တော်များ ကျင်းပရေးနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီး ခေါ်ယူဖွဲ့စည်းပြီး ပြည်ထောင်စုကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ လွှတ်တော်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတကတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီးအစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးသည်။ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရွေးချယ်ခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးပေသည်။

“ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းပေးရန်တပ်မတော်အနေဖြင့် အကြိမ်ကြိမ်အသိပေးခဲ့သော်လည်း တာဝန်ရှိသည့် အစိုးရနှင့်အဖွဲ့အစည်းများက ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့ပေ။ ထို့အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်လာသောကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ ယခုအခါ မူလကတိပေးထားသောရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ဖွယ်ရာလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။ ဆောင်ရွက်ရာတွင် သိက္ခာရှိသောရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူပြီး ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာ၌ တိကျမှု၊ မှန်ကန်မှု၊ မြန်ဆန်မှု၊ စနစ်တကျရှိပြီး ရိုးရှင်းလွယ်ကူသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ လွယ်ကူရှင်းလင်းသဘောပေါက်နားလည်နိုင်အောင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ရွာများတွင် သရုပ်ပြရှင်းလင်းပေးလျက်ရှိသည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထူးအရေးပါသလို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၏အခန်းကဏ္ဍသည် အရေးကြီးသည်။ ဆန္ဒမဲပေးလိုမှု၊ မပေးလိုမှုသည် ပြည်သူများ၏ ကိုယ်ပိုင်ဆန္ဒဖြစ်သော်လည်း မိမိနိုင်ငံအကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲမပေးဖြစ်ပါက နိုင်ငံအတွက် အချည်းနှီးဖြစ်စေသည်။

ရွေးကောက်ပွဲဝင်မည့်ပါတီများနှင့် ပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိအကျိုးထက်တိုင်းပြည်အကျိုးကို အမှန်တကယ်ဆောင်ရွက်လိုသော စိတ်နှင့်လုပ်ဆောင်မှုများ၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးမည့် ကတိစကားများနှင့် မိမိအကျိုး၊ ပါတီအကျိုးထက် တိုင်းပြည်အကျိုးစီးပွားကို ဦးထိပ်ထားရှေးရှုဆောင်ရွက်ပေးမည်တို့ကို အပြောနှင့်အလုပ် ထပ်တူကျအောင်ပြသနိုင်ပါမှ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးလိုသည့်စိတ်ထားများနှင့် ပြည်သူများကိုယ်စား ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များအား မှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများအား ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနိုင်အောင် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

23.09.2025
MDD

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

09/22/2025

နေပြည်တော် စက်တင်ဘာ ၂၁

စားသုံးသူပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။  

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရသည်။

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

သတင်းစဉ်

22.09.2025